(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ဒူဝါဇော်ရစ်လမ်း အဆင့်မြင့်နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်လှစ်

(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ဒူဝါဇော်ရစ်လမ်း အဆင့်မြင့်နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်လှစ်

နေပြည်တော်၊ မတ် - ၂၃

           (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည် နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ ဒူဝါဇော်ရစ်လမ်း၊ အဆင့်မြင့်နိုင်လွန် ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ  မြောက်ပိုင်းတိုင်းစစ်ဌာ နချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

           ဦးစွာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် White Monolith ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက လမ်းတံတားလုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆင့်မြင့်နိုင်လွန်ကတ္တရာ လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းဖောက်လုပ်ထားရှိမှု အခြေအနေများ အား ကြည့်ရှုကြသည်။

           အဆိုပါ အဆင့်မြင့်နိုင်လွန်ကတ္တရာလမ်းသစ်လမ်းမှာ အရှည် ၂၅၃၀ ပေ၊ အကျယ် ၂၄ ပေ၊ ထု ၃ လက်မရှိပြီး တက်ကုန်းရပ်ကွက်နှင့် စီတာပူရပ်ကွက်တို့ကို ဆက်သွယ်ထားသည့် အဓိကလမ်းမကြီးဖြစ်ကြောင်း သတင်းရရှိသည်။