ကာတာစော်ဘွား အယ်သနီ မန်ယူအသင်းကို စတာလင်ပေါင် ၅ ဒသမ ၅ ဘီလီယံဖြင့် ဝယ်ယူရန် နီးစပ်သည့်အခြေအနေတွင် ရောက်ရှိနေ

ကာတာစော်ဘွား အယ်သနီ မန်ယူအသင်းကို စတာလင်ပေါင် ၅ ဒသမ ၅ ဘီလီယံဖြင့် ဝယ်ယူရန် နီးစပ်သည့်အခြေအနေတွင် ရောက်ရှိနေ

ကာတာစော်ဘွားတစ်ဦးဖြစ်သည့်  အယ်သနီက မန်ယူအသင်းကို စံချိန်တင် အရောင်းအဝယ်ဖြစ်သော စတာလင်ပေါင် ၅ ဒသမ ၅ ဘီလီယံဖြင့်ဝယ်ယူရန် နီးစပ်သည့်အခြေအနေတွင်  ရောက်ရှိနေကြောင်း သိရသည်။

လက်ရှိ မန်ယူအသင်းပိုင်ရှင်   ဂလေဇာမိသားစုအနေဖြင့်  အသင်းကို  ရင်းနှီးမြှုပ်နှံမှုမပြုလုပ်ဘဲ အမြတ်ငွေများကိုသာ ကိုယ်ပိုင်အဖြစ် အသုံးပြုနေသည့်အတွက်  အသင်းပရိသတ်များက ပြင်းပြင်းထန်ထန်ဆန္ဒပြခဲ့သောကြောင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက အသင်းကို ရောင်းချတော့မည်ဟု အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းကို ရောင်းချရန်ကြေညာခဲ့ပြီးနောက် ဝယ်ယူရန်အတွက် ကာတာစော်ဘွား အယ်သနီနှင့် အတူ ဗြိတိန်ဘီလျံနာ တစ်ဦးဖြစ်သည့် ရက်ကလစ် တို့က အပြိုင်ကြိုးပမ်းလျက်ရှိပြီး အယ်သနီက ပထမအကြိမ်အဖြစ် စတာလင်ပေါင် ၄ ဒသမ ၅ ဘီလီယံဖြင့် ကမ်းလှမ်းခဲ့သော်လည်း ဂလေဇာမိသားစုက စတာလင်ပေါင် ၆ ဘီလီယံခန့်  အလိုရှိနေသည့်အတွက်  ယခုအခါ စတာလင်ပေါင် ၅ ဒသမ ၅ ဘီလီယံဖြင့် တရားဝင်ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ရက်ကလစ်က မန်ယူအသင်းကို စတာလင်ပေါင် ၄ ဒသမ ၅ ဘီလီယံဖြင့်သာ ကမ်းလှမ်းခဲ့ခြင်းဖြစ်သော်လည်း အယ်သနီက စတာလင်ပေါင် ၅ ဒသမ ၅ ဘီလီယံတိုးမြှင့်ပေးခဲ့သည့်အတွက် ဂလေဇာမိသားစုကလည်း  ၎င်းင်းတို့စိတ်ကျေနပ်စေသော တန်ကြေးဖြစ်သောကြောင့် အသင်းကို ရောင်းချဖွယ်ရှိနေသည်။

အယ်သနီက မန်ယူအသင်းကိုဝယ်ယူရန် ထုတ်ပြန်ချက်တွင် မန်ယူအသင်းအိမ်ကွင်း အိုးထရက်ဖို့ဒ်ကို အဆင့်မြှင့်တင်မည်၊ နည်းပြတန်ဟတ်ကို အသင်း၌ ဆက်လက်တာဝန်ပေးအပ်မည်၊ ကစားသမားသစ်ဝယ်ယူရန် စတာလင်ပေါင် ၁ ဘီလီယံအသုံးပြုမည်၊    လေ့ကျင့်ရေးကွင်းသစ်တည်ဆောက်မည် ဆိုသည့် ကတိကဝတ်များ ထည့်သွင်းထားကြောင်း သိရသည်။                    

   Ref;Dailymail