ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်းများ၊ အရာထမ်း(အမျိုးသမီး)၊ တပ်ဖွဲ့ဝင်/ဝန်ထမ်းအရာထမ်းများ၏ မိသားစုဝင်များ အခြေခံအဘိဓမ္မာသင်တန်း သင်တန်းဖွင့်ပွဲကျင်းပ

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်းများ၊ အရာထမ်း(အမျိုးသမီး)၊ တပ်ဖွဲ့ဝင်/ဝန်ထမ်းအရာထမ်းများ၏ မိသားစုဝင်များ အခြေခံအဘိဓမ္မာသင်တန်း သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော်  မတ်  ၂၃

 

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်းများ၊   အရာထမ်း(အမျိုးသမီး)၊ တပ်ဖွဲ့ဝင်/ဝန်ထမ်းအရာထမ်းများ၏ မိသားစုဝင်များ အခြေခံအဘိဓမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီနှင့်ဇနီး၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်၏ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး နှင့် ဇနီး၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များ/အရာရှိကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာမများနှင့် သင်တန်းတက်ရောက်ကြမည့် ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်းများ၊ အရာထမ်း(အမျိုးသမီး)၊ တပ်ဖွဲ့ဝင်^ဝန်ထမ်း အရာထမ်းများ၏ မိသားစုဝင်သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ   ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အခြေခံအဘိဓမ္မာသင်တန်းဖွင့်လှစ်ပေးရခြင်းမှာ မြတ်စွာဘုရားရှင် ဟောကြားခဲ့သည့် အဘိဓမ္မာ(၇)ကျမ်း နှင့်ပတ်သက်၍ အခြေခံအဆင့်အနေဖြင့် သိရှိနားလည်နိုင်စေရန်နှင့် အမျိုး၊ ဘာသာ၊ သာသနာ၊ အမျိုးဂုဏ်ဇာတိဂုဏ်ကို ချစ်မြတ်နိုးတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ အဘိဓမ္မာတရား၏ အခြေခံကိုသိရှိနားလည်ပြီး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခြင်းနှင့်   ပေါင်းသင်း ဆက်ဆံရာတွင်လည်း များစွာအထောက်အကူပြုခြင်း စသည့်အကျိုးကျေးဇူးကိုရရှိ မည်ဖြစ်ကြောင်းမှာကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ တာဝန်ရှိသူများက သင်တန်း တက်ရောက်ကြမည့် သင်တန်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။

အဆိုပါ အခြေခံအဘိဓမ္မာသင်တန်းကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့်မီးသတ်ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်/ဝန်ထမ်းများ၊ အရာထမ်း(အမျိုးသမီး)၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်းများ၏မိသားစုဝင်သင်တန်းသူ စုစုပေါင်း(၆၄၃)ဦးတက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ် ၂၃ ရက်မှ မတ် ၃၀ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ 

၎င်းင်းနောက် ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၈)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ယဉ်ကျေးလိမ္မာသင်တန်းတက်ရောက်လျက်ရှိသော ပြည်ထဲရေးဝန်ကြီးဌာနအောက်မှ ဝန်ထမ်းသား^သမီးများ၏ သင်တန်းသင်ကြားနေမှု အခြေအနေအား ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ/အရာရှိကြီးများ၊ တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။