(၇၈)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် နားခေါက်ကျေးရွာ၌ လမ်းသစ်ဖွင့်ပွဲကျင်းပ

(၇၈)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် နားခေါက်ကျေးရွာ၌ လမ်းသစ်ဖွင့်ပွဲကျင်းပ

(၇၈)နှစ်မြောက်    တပ်မတော်နေ့ကို    ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)နမ့်စန်ခရိုင် ကွန်ဟိန်းမြို့နယ်    ကျေးလက်ဒေသ   ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ    မြို့မကျေးရွာအုပ်စု    နားခေါက် ကျေးရွာ၌ သဲဖြုန်းလမ်းသစ်ဖွင့်ပွဲကို မတ် ၂၂ ရက်က ကျင်းပသည်။

ရှေးဦးစွာ ကွန်ဟိန်းမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်က  အဖွင့်အမှာ စကားပြောကြားပြီး   မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး    ဦးအောင်ကျော်ဟိန်းက နားခေါက်ကျေးရွာ ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်း သဲဖြုန်း လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းပြောကြားကာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးစိုင်းလောကက ကျေးရွာသူ၊ ကျေးရွာသား များကိုယ်စား ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ကျေးရွာတွင်း သဲဖြုန်းလမ်းသစ်မုခ်ဦးကို     ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

အဆိုပါ သဲဖြုန်းလမ်းသစ်သည် အရှည် ၁၃၁၅ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိပြီး VDP ရန်ပုံငွေ ငွေကျပ် သိန်း ၁၀၀၊ ကျေးလက်ဒေသ  ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ကွင်းဆင်းကြီးကြပ်မှု၊ နည်းပညာပံ့ပိုးမှုတို့ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင်     ပြီးခဲ့သည့်နှစ် သြဂုတ်တတိယပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။           

 ချိုသန်းညွန့်(ကျေးလက်)