မြန်မာ-တရုတ် နယ်စပ်ဒေသငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးပိုမိုမြှင့်တင်ရန် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေး ဆွေးနွေး

မြန်မာ-တရုတ် နယ်စပ်ဒေသငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးပိုမိုမြှင့်တင်ရန် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေး ဆွေးနွေး

နေပြည်တော်  မတ်  ၂၃

 

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်ကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် တရုတ်နိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်က စတင်အဆိုပြုခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှု အစီအစဉ်(Global Civilization Initiative) ကိစ္စ၊ တရုတ်နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်နှင့် (၁၄) ကြိမ်မြောက် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်အစည်းအဝေးတို့မှ ရရှိခဲ့သည့် အောင်မြင်မှုရလဒ်များ၊ မြန်မာ-တရုတ် နယ်စပ်ဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးပိုမိုမြှင့်တင်ရန် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းအားထုတ်မှုများနှင့် ရခိုင်ပြည်နယ်  နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ် အောင်မြင်စေရေးအတွက် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည့်ကိစ္စရပ်များ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် အကျိုးတူပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ်  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြသည်။