မကျိုင်းမွန်း-နမ့်ဆိုင်း-တိညု-နားကုန်းလမ်းပေါ်ရှိ ပေ ၅၀ တံတားဖွင့်လှစ်

မကျိုင်းမွန်း-နမ့်ဆိုင်း-တိညု-နားကုန်းလမ်းပေါ်ရှိ ပေ ၅၀ တံတားဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် လင်းခေးမြို့နယ် မကျိုင်းမွန်း-နမ့်ဆိုင်း-တိညု-နားကုန်းလမ်းပေါ်ရှိ ပေ ၅၀ တံတားဖွင့်ပွဲအခမ်းအနားကို မတ် ၂၂ ရက်တွင် အဆိုပါနေရာ၌ကျင်းပသည်။

ရှေးဦးစွာ မကျိုင်းမွန်း-နမ့်ဆိုင်း-တိညု-နားကုန်းလမ်းပေါ်ရှိ ပေ ၅၀ တံတားကို မဟာဂန္ထဝါစကပဏ္ဍိတ သာသနဓဇဓမ္မာစရိယ M.A; Buddhism (သီရိလင်္ကာ)နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် နားကုန်းဆရာတော်ဘဒ္ဒန္တစာရိန္ဒ၊    ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်း၊   ခရိုင်ကျေးလက်လမ်း    ဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး  (မြို့ပြ)ဒေါ်ဆွေဆွေနွယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြို့ဆောင်နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် တာဝန်ရှိသူများက တံတားကို ဖြတ်သန်းကြည့်ရှုကြသည်။ ယခုဖွင့်လှစ်သည့် မကျိုင်းမွန်း-နမ့်ဆိုင်း-တိညု-နားကုန်းလမ်းပေါ်ရှိ ပေ ၅၀ တံတားကို ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့(ရုံးချုပ်)က၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၃၅ သန်းဖြင့်  အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။     

  မင်းမြင့်မိုရ်(ကျေးလက်)