(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ဒူဝါဇော်လွန်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ ကျင်းပ

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ဒူဝါဇော်လွန်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ ကျင်းပ

နေပြည်တော်၊ မတ် - ၂၃

          (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ဒူဝါဇော်လွန်လမ်း ကတ္တရာလမ်းသစ် ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါနေရာ၌ ပြုလုပ်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်  ဒေသခံပြည်သူများ တက်ရောက်ကြသည်။

          ဦးစွာ မြစ်ကြီးနားမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဒူဝါဇော်လွန်လမ်း အပါအဝင် ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လမ်းတံတားလုပ်ငန်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

          ထို့နောက် (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ဒူဝါဇော်လွန်လမ်း ကတ္တရာလမ်းသစ်အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းသစ်အား လှည့်လည်ကြည့်ရှုကြသည်။

          အဆိုပါ ဒူဝါဇော်လွန်လမ်း ကတ္တရာလမ်းသစ်သည် အရှည် ၁၂၃၀ ပေ၊ အကျယ်  ၁၄ ပေရှိပြီး တက်ကုန်းရပ်ကွက်နှင့် မန်ခိန်ရပ်ကွက်တို့ကို ဆက်သွယ်ထားသည့် လမ်းမကြီးဖြစ်ပြီး အများပြည်သူများ သွားလာမှုအဆင်ပြေချောမွေ့စေရေးအတွက် များစွာ အထောက်အကူဖြစ်စေကြောင်း သတင်းရရှိသည်။