(၇၈)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် ကျပန်းစကားပြော ပြိုင်ပွဲကျင်းပ

(၇၈)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် ကျပန်းစကားပြော ပြိုင်ပွဲကျင်းပ

နေပြည်တော်၊ မတ် - ၂၄

          (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက်ဌာနချုပ်၊ တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ ကျပန်းစကား ပြောပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမတို့၌ ကျင်းပပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင် များ တက်ရောက်ကြသည်။                                                     

          ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အရာရှိ၊စစ်သည်၊ မိသားစုဝင်များ၏ ကျပန်းစကားပြော ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးသည်။                                

          အဆိုပါ တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် ဌာနချုပ်၊တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင် ( ၅၀ )ဉီးဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။