စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ (၈၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ (၈၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

နေပြည်တော်  မတ်  ၂၄

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ (၈၆)နှစ်မြောက် နှစ်ပတ်လည် နေ့အခမ်းအနားနှင့် ထူးချွန်ဝန်ထမ်းများအား ဆုပေးပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်း တွင် အဆိုပါဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသည်။

ဦးစွာပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက မတ် ၂၆ ရက်သည် ဝန်ကြီးဌာနစတင် ဖွဲ့စည်း တည်ထောင်ခဲ့သည့်နေ့ဖြစ်ရာ မိမိ တို့ဝန်ကြီးဌာနအတွက် ထူးခြားသည့်နေ့ထူး နေ့မြတ်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန အား ၁၉၃၇ ခုနှစ် မတ် ၂၆ ရက်၌ စတင် တည်ထောင်ခဲ့ပြီး နိုင်ငံတော်နှင့် ပြည်သူ လူထု၏ အကျိုးစီးပွားတိုးတက်စေရေး၊ နိုင်ငံ တော်၏စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက် အရေးပါသည့်ကုန်သွယ် မှုကဏ္ဍ တိုးတက်လာအောင် ခေတ်အဆက်ဆက်ကြိုးပမ်း ဆောင်ရွက်ခဲ့သည့်အပြင် နိုင်ငံ တော်မှပေးအပ်သည့် တာဝန်များကိုလည်း ကျရာကဏ္ဍမှ ကျေပွန်စွာ ထမ်းဆောင်လာ ခဲ့သည်မှာ ယခုနှစ်တွင် (၈၆)နှစ်ပြည့်မြောက် ခဲ့ပြီဖြစ်ကြောင်း။

ဝန်ကြီးဌာနရှိ အဆင့်မြင့်အရာရှိကြီးများနှင့် ရာထူးအဆင့်ဆင့်တွင် တာဝန်ထမ်း ဆောင်နေသည့် ဝန်ထမ်းများ အနေဖြင့်လည်း အနာဂတ်ကာလတွင် ဝန်ကြီးဌာန၏ လုပ်ငန်းများကို ခေတ်စနစ်နှင့်အညီ  မြန်ဆန်သွက်လက်စွာ ဆောင်ရွက်နိုင်ရေး၊နိုင်ငံတော်၏ မူဝါဒများဟန်ချက်ညီစွာ လိုက်ပါအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ဝန်ထမ်းများ၏ ကိုယ်စီစွမ်းဆောင်ရည် မြှင့်တင်နိုင်ရေး တို့ကို အလေးထားဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် ဝန်ကြီးဌာနမှ စံပြဆုရဝန်ထမ်း များ၊ ထူးချွန်ဝန်ထမ်းများနှင့် သတင်း ဆောင်းပါးဆု ရရှိသည့်  ဝန်ထမ်းများကို ဆုများချီးမြှင့်ရာ  ဝန်ထမ်းစံပြထူးချွန်ဆု ရရှိသူများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ထူးချွန်ဆုရရှိသူများ၊ စစ်ရေးပြနှင့် သေနတ်ပစ် ထူးချွန်ဆုရရှိသူများ၊ ဝန်ကြီးဌာန၏ ပညာ ပေးဆောင်းပါးများ ရေးသားမှုတွင် ဆုရရှိ သူများ၊ အခြားသင်တန်း အသီးသီးမှ ဆုရရှိ သူများနှင့် ပြည်ထောင်စုဝန်ကြီးက ပေးအပ်သည့် အထူးဆုရရှိသူများကို ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက  ဆုများချီးမြှင့်ပေးကြပြီး ဝန်ထမ်း   စံပြထူးချွန်ဆုရရှိသူ တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Western Park Royal Restaurant ၌ ကျင်းပသည့် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန၏ (၈၆)နှစ်ပြည့် ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားပြီး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ ဝန်ထမ်းများ နှင့်အတူ ဂုဏ်ပြုညစာကို ရင်းနှီးပျော်ရွှင်စွာ အတူတကွ သုံးဆောင်သည်။

အဆိုပါ အခမ်းအနားများသို့   စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ ဆုရရှိသူများနှင့် ဖိတ်ကြားထားသူများ ပါဝင်တက်ရောက်ကြကြောင်း သိရသည်။