မစ္စစ္စပီပြည်နယ်တစ်ဝန်းတွင် အင်အားပြင်းမုန်တိုင်းများ တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၄ ဦးသေဆုံး

ဂျက်ဆင်၊ သဘာဝဘေး

မစ္စစ္စပီပြည်နယ်တစ်ဝန်းတွင် အင်အားပြင်းမုန်တိုင်းများ တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၄ ဦးသေဆုံး

အမေရိကန်ပြည်ထောင်စု မစ္စစ္စပီပြည်နယ် တစ်ဝန်းတွင် အင်အားပြင်းလေဆင်နှာမောင်းနှင့် မိုးသက်မုန်တိုင်းများ တိုက်ခတ်မှု ကြောင့် အနည်းဆုံးလူ ၁၄ ဦးသေဆုံးသွားကြောင်း ဒေသတွင်းနှင့် ပြည်နယ်အာဏာပိုင်အဖွဲ့ များ၏ ထုတ်ပြန်ချက်ကိုကိုးကား၍ ABC သတင်းဌာနက မတ် ၂၅ ရက်တွင် ဖော်ပြသည်။

အင်အားပြင်းထန်သည့် လေဆင်နှာ မောင်းနှင့် မိုးသက်မုန်တိုင်းများသည် ပြည်နယ်အတွင်းရှိ ရာကီနှင့် ဟမ်းဖရီး ခရိုင်တို့တွင် မတ် ၂၄ ရက် ညနေပိုင်းက ဝင်ရောက်တိုက်ခတ်ခြင်းဖြစ်ပြီး မုန်တိုင်း များတိုက်ခတ်ခြင်းကြောင့် အပျက်အစီးများစွာဖြစ်ပေါ်ခဲ့ကြောင်း ပြည်နယ်အရေး ပေါ်စီမံခန့်ခွဲရေးအေဂျင်စီမှ ဆက်သွယ်ရေး အရာရှိတစ်ဦးဖြစ်သူ မယ်လရီဝှိုက်က ပြောသည်။

မုန်တိုင်းများဝင်ရောက်လာစဉ် လေပြင်းများတိုက်ခတ်မှုကြောင့် ပြည်နယ်အတွင်းရှိ ဓာတ်အားလိုင်းများ ပြတ်တောက်သွားခဲ့ရ ကြောင်း သိရသည်။         

 Ref: ST