မိုးခေါင်ရေရှားမှုကြောင့် အာဖရိကဦးချိုဒေသတွင် မွေးမြူရေးတိရစ္ဆာန် အနည်းဆုံး ၉ ဒသမ ၅ သန်းသေဆုံးဟု WFP ထုတ်ပြန်

အဒစ်အဘားဘား၊ သဘာဝဘေး

မိုးခေါင်ရေရှားမှုကြောင့် အာဖရိကဦးချိုဒေသတွင် မွေးမြူရေးတိရစ္ဆာန် အနည်းဆုံး ၉ ဒသမ ၅ သန်းသေဆုံးဟု WFP ထုတ်ပြန်

မိုးခေါင်ရေရှားမှုကြောင့် အာဖရိကဦးချို ဒေသရှိနိုင်ငံများတွင် မွေးမြူရေးတိရစ္ဆာန် အနည်းဆုံး ၉ ဒသမ ၅ သန်းသေဆုံးခဲ့ရ ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)ကြီးက ထုတ်ပြန်သည့်အစီရင်ခံစာတွင် ဖော်ပြသည်။

အီသီယိုးပီးယား၊ ဆိုမာလီယာနှင့် ကင်ညာ စသည့်နိုင်ငံများတွင် မိုးခေါင် ရေရှားမှုစတင်သည့် အချိန်မှစ၍ မွေးမြူရေး တိရစ္ဆာန် သန်းနှင့်ချီ၍ သေဆုံးသွားသောကြောင့် ယင်းနိုင်ငံများအတွင်းရှိ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ ဝင်ငွေများနှင့် စားနပ်ရိက္ခာများပျက်စီး သွားခဲ့ရကြောင်း၊ ရေရှားမှုကြောင့် အီသီယိုး ပီးယားနိုင်ငံတွင် ခန့်မှန်းခြေအားဖြင့် မွေးမြူရေးတိရစ္ဆာန်   လေးသန်း၊ ဆိုမာလီယာတွင် သုံးသန်း၊ ကင်ညာတွင် နှစ်သန်းခွဲခန့်သေဆုံးခဲ့ရကြောင်း သိရသည်။

ထို့ပြင် မိုးခေါင်ရေရှားမှုကြောင့် မွေးမြူရေးတိရစ္ဆာန်များ သေဆုံးမှုအကျိုးဆက်သည် ဒေသတွင်းနိုင်ငံများအပေါ် ဆိုးရွားစွာ သက်ရောက်လျက်ရှိသည်။ အကြောင်းမှာ အာဖရိကဦးချိုဒေသတွင် မွေးမြူရေး တိရစ္ဆာန်များ သေဆုံးခြင်းကြောင့် ယင်းဒေသရှိ ကလေးသူငယ် အများအပြားမှာ နို့၊ အသား စသည့်အာဟာရများကို စားသုံးနိုင် ခြင်းမရှိတော့ကြောင်း WFP ကထုတ်ပြန် ထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ရှိတွင် အီသီယိုးပီးယား၊ ဆိုမာလီယာနှင့် ကင်ညာသုံးနိုင်ငံရှိ ကလေးသူငယ် ၅ ဒသမ ၁ သန်းခန့်မှာ ဆိုးရွားသည့် အာဟာရ ပြတ်တောက်မှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

Ref: Xinhua