ကီရာလာပြည်နယ်တွင်ကမ်းခြေစောင့်တပ်ဖွဲ့ပိုင်ရဟတ်ယာဉ်တစ်စင်းပျက်ကျ

ကီရာလာပြည်နယ်တွင်ကမ်းခြေစောင့်တပ်ဖွဲ့ပိုင်ရဟတ်ယာဉ်တစ်စင်းပျက်ကျ

အိန္ဒိယနိုင်ငံတောင်ပိုင်း    ကီရာလာပြည်နယ်တွင်မတ် ၂၆ ရက်က ကမ်းခြေစောင့်တပ်ဖွဲ့ပိုင်  ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ နှစ်ဦးဒဏ်ရာ ရရှိသွားကြောင်း ဒေသတွင်းမီဒီယာတစ်ခုက ဖော်ပြသည်။

အဆိုပါဖြစ်ရပ်သည် ကိုချင်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရဟတ်ယာဉ်ပျံသန်းနေစဉ်ဖြစ်ပွားခြင်းဖြစ်ပြီး ယင်းရဟတ်ယာဉ်သည် မောင်းနှင်ပျံတက်သွားပြီးနောက် မြေပြင်မှဆက်သွယ်မှုကို ချက်ချင်းပြန်လည်တုံ့ပြန်ခဲ့ခြင်းမရှိကြောင်း၊  ရဟတ်ယာဉ်ပျက်ကျမှုအတွင်း   လေယာဉ်မှူးမှာဒဏ်ရာ မရရှိခဲ့သော်လည်း ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါလာသူ အခြားနှစ်ဦးမှာ  ဒဏ်ရာရရှိခဲ့သောကြောင့် ၎င်းတို့အား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်သည်။

ရဟတ်ယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို စစ်ဆေးဖော်ထုတ်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများအား ကမ်းခြေစောင့်တပ်ဖွဲ့က ညွှန်ကြားထားသည်။ 

Ref: Hstimes