စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

EVN အဖွဲ့ကြီးကို အမှုဆောင်ဒါရိုက်တာအဖွဲ့ (Board of Director-BOD)နဲ့ မူဝါဒလုပ်ငန်းစဉ်တွေ ချပေးပြီး စောင့်ကြည့်တယ်။ အဲဒီ BOD ကို ဥက္ကဋ္ဌ (Chairman)အပါအဝင် အဖွဲ့ဝင်ငါးဦးနဲ့  ဖွဲ့စည်းထားတယ်။

အမှုဆောင်အရာရှိချုပ် (Chief Executive Officer-CEO) ဦးဆောင်တဲ့ စီမံခန့်ခွဲရေးတစ်ဖွဲ့ကိုလည်း ြဦ အဖွဲ့ရဲ့အောက်မှာ ထပ်မံဖွဲ့စည်းထားတယ်။ အဆိုပါ BOD ဟာလည်း EVN ရဲ့ BOD ငါးဦးထဲမှာ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တယ်။ CEO ကို သူတို့က  President လို့ ခေါ်တယ်။ President အောက်မှာ ကျွမ်းကျင်သူတွေကို ဠငခန ဏမနျငိနညအ လို့ခေါ်တဲ့ပုဂ္ဂိုလ်ငါးဦးက လုပ်ငန်းအလိုက် ထပ်မံတာဝန်ခွဲဝေပေးတယ်။ Vice Presiden အုပ်ချုပ်တဲ့ ကျွမ်းကျင်မှုဆိုင်ရာဌာနငါးခုကတော့-

(၁) Economic and Finance

(၂) Power Business

(၃) Hydro and Renewable Energy

(၄) Thermal and Transmission Line

(၅) Power Sysetem Operation and Production ဆိုတဲ့ဌာနတွေဖြစ်တယ်။

EVN ရဲ့  စီမံခန့်ခွဲမှုကောင်းမွန်မှု၊  ရေတိုရေရှည်မျှော်မှန်းဆောင်ရွက်နေမှုတို့ကို နိုင်ငံတော်ကပင် အသိအမှတ်ပြုပြီး  စွမ်းဆောင်ရည်ဆု ပေးအပ်ချီးမြှင့်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်။ EVN ရဲ့ စွမ်းဆောင်ရည်

ဟာ အရှေ့တောင်အာရှမှာ ဒုတိယနေရာမှာရောက်ရှိနေပြီဖြစ်တယ်။ ဗီယက်နမ်ရဲ့   တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့    လျှပ်စစ်ဆိုင်ရာစွမ်းဆောင်ရည်အဆင့် (Electricity Indicator) ဟာ နိုင်ငံပေါင်း ၁၉၀ ကို တန်းစီရာမှာ ၂၀၁၄ ခုနှစ်က အဆင့် (၁၃၀) သာရှိရာကနေ ၂၀၁၅ ခုနှစ်မှာ အဆင့် (၆၉)အထိ  တိုးတက်အောင်ဆောင်ရွက်နိုင်တာ တွေ့ရပါတယ်။

တစ်နိုင်ငံလုံးမှာ ၂၀၁၈ ခုနှစ်စာရင်းအရ လူဦးရေ ၉၆ ဒသမ ၅ သန်း ရှိပါတယ်။ ဗီယက်နမ်ရဲ့ လျှပ်စစ်ဓာတ်အားလွှမ်းခြုံမှုဟာ တစ်နိုင်ငံလုံးရဲ့ ၉၉ ဒသမ ၈၅ ရာခိုင်နှုန်းအထိ၊ ကျေးလက်ဓာတ်အားရရှိမှု ၉၉ ဒသမ ၈၈ ရာခိုင်နှုန်းအထိ    ရောက်ရှိနေတာဟာ အရှေ့တောင်အာရှရဲ့  ထိပ်တန်းနိုင်ငံ ရောက်သွားပြီဆိုတာ  ပြလိုက်တာပါပဲ။ ဒီလိုဖြစ်အောင် ၁၉၉၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ရဲရဲတင်းတင်းပြုပြင်ပြောင်းလဲပြီး  ၂၄ နှစ်  အပြင်းအထန်လုပ်ရတာပါ။  ကန့်ကွက်နှောင့်ယှက်မယ့်သူတွေ ရှိပေမယ့်  ကျော်လွှားနိုင်ခဲ့ပြီး အရင်းအမြစ်မျိုးစုံကို အချိုးညီထုတ်လုပ်မှုမြှင့်တင်နိုင်ခဲ့တယ်။   ခေါင်းဆောင်တွေကိုယ်တိုင်   ဘယ်ကဏ္ဍကို ဦးစားပေးလုပ်ရမယ်ဆိုတာ သိကြတယ်။

ဗီယက်နမ်ရဲ့ ဓာတ်အားကိုင်တွယ်ဆောင်ရွက်နေတဲ့ ပမာဏတွေကလည်း မသေးပါဘူး။ ၂၀၁၅ ခုနှစ်ကုန်မှာ ဖြစ်ပေါ်နေတဲ့အခြေအနေဟာ -

EVN ကိုယ်တိုင်ထုတ်လုပ်မှု                   -   ၂၃၅၈၀  မဂ္ဂါဝပ်

 Petrovietnam မှ ထုတ်လုပ်မှု    -     ၄၄၃၅  မဂ္ဂါဝပ်

 Vinacomin မှ ထုတ်လုပ်မှု                  -     ၁၇၈၅  မဂ္ဂါဝပ်

 BOT & investor များ ထုတ်လုပ်မှု        -     ၈၇၅၃  မဂ္ဂါဝပ်

                            စုစုပေါင်း       -   ၃၈၅၅၃  မဂ္ဂါဝပ်ဆိုတာ တွေ့ရမှာပါ။

ဗီယက်နမ်ဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ နောက်ထပ်ငါးနှစ်စီမံကိန်းကိုလည်း ရည်မှန်းချက်နဲ့ ဆောင်ရွက်နေပါတယ်။ ဒီကာလအတွင်းမှာပဲ စတင်ဆောင်ရွက်မယ့်လုပ်ငန်းတွေလည်း ရှိပါတယ်။ လုပ်ငန်းတွေကများတော့ ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းတစ်ခုကိုသာ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။  

ဗီယက်နမ်နိုင်ငံရဲ့ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ဓာတ်အားပေးစက်ရုံများလည်ပတ်မှုနဲ့ စတင်အကောင်အထည်ဖော်မှုခုနှစ်  အသစ်တိုးတက်ထုတ်လုပ်မယ့်  အသစ်စတင်အကောင်အထည်

          အင်အား(မဂ္ဂါဝပ်)           ဖော်မယ့်အင်အား(မဂ္ဂါဝပ်)

၂၀၁၆          ၂၄၃၄                      ၆၀၀

၂၀၁၇          ၁၅၀၅                                  -

၂၀၁၈          ၁၃၄၀                    ၄၁၉၀

၂၀၁၉          ၈၂၀                       ၇၅၀

၂၀၂၀           ၁၁၀၀                    ၃၂၀၀

စုစုပေါင်း               ၇၁၉၉                             ၈၇၄၀   

ဖော်ပြပါ ဇယားကိုကြည့်ရင် ဗီယက်နမ်ဟာ ၂၀၁၅ ခုနှစ်အထိ တပ်ဆင်အင်အား ၃၈၅၅၃ မဂ္ဂါဝပ်ရှိနေပြီး နောက်ငါးနှစ် (၂၀၂၀ ပြည့်နှစ်အထိ)အတွင်း ပျမ်းမျှ နှစ်စဉ်  မဂ္ဂါဝပ် ၁၄၄၀ နှုန်းခန့်  တိုးချဲ့တပ်ဆင်သွားမယ်ဆိုတာ  တွေ့ရပါတယ်။  နောက်ထပ်လည်း  ဓာတ်အားပေးစက်ရုံအသစ်တွေကို နှစ်စဉ် မဂ္ဂါဝပ် ၁၇၅၀ နှုန်း  စတင်ထုတ်လုပ်သွားမယ်ဆိုတာလည်း  ဇယားမှာတွေ့ရပါတယ်။ ဗီယက်နမ်ဟာ မကြာမီ ကမ္ဘာ့ထိပ်တန်းစာရင်းဝင်တော့မယ်ဆိုတာ      သူ့ရဲ့လက်ရှိအခြေအနေရယ်၊ နောက်ငါးနှစ်အတွင်း တိုးတက်လာမယ့်အခြေအနေရယ်၊ နောက်ငါးနှစ်မှာ နှစ်စဉ် ထပ်မံရင်းနှီးမြှုပ်နှံမယ့်အခြေအနေရယ်ကို မှန်းဆကြည့်နိုင်ပါတယ်။

နှစ်စဉ်    ဓာတ်အားဖြန့်ဖြူးပေးနေတဲ့နှုန်းကို  ပြန်ကြည့်ရင်လည်း ဗီယက်နမ်တစ်နိုင်ငံလုံးကို ဖြန့်ဖြူး ပေးနေတဲ့ ဓာတ်အားပမာဏ(ပျောက်ဆုံးမှုနုတ်ပြီး)ဟာ    ကီလိုဝပ်နာရီသန်းပေါင်း  ၁၃၄၀၀၀ ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ ၂၀၁၈ ခုနှစ် ဓာတ်အားဖြန့်ဖြူးမှုဟာ ကီလိုဝပ်နာရီသန်းပေါင်း ၁၅၉၂၀  (ဓာတ်အားပျောက်ဆုံးမှုနုတ်ပြီး)  သာရှိတဲ့အတွက် ဗီယက်နမ်ရဲ့ ဓာတ်အားဖြန့်ဖြူးပေးနိုင်မှုပမာဏဟာ   မြန်မာနိုင်ငံထက် ရှစ်ဆကျော်များပါတယ်။ ဗီယက်နမ်ရဲ့လူဦးရေဟာ ၉၆ ဒသမ ၅ သန်းရှိတဲ့အတွက် လူတစ်ဦးချင်းစီ တစ်နှစ် ဓာတ်အားသုံးစွဲနိုင်မှုဟာ ၁၃၈၈ ကီလိုဝပ်နာရီ (ယူနစ်) ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံသားတစ်ဦးချင်းစီ ဓာတ်အားသုံးစွဲနိုင်မှု ၃၀၀ ကီလိုဝပ်နာရီနဲ့နှိုင်းယှဉ်ရင် လေးဆခန့်ပိုများနေပါတယ်။                             

 ဆက်လက်ဖော်ပြပါမည်။