စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၉၇)

၁၉၉၃ ခုနှစ်မှာ တစ်နိုင်ငံလုံး လျှပ်စစ်တပ်ဆင်အင်အား ၂၀၆ မဂ္ဂါဝပ်သာရှိခဲ့တဲ့နိုင်ငံမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာတော့ ရေအား လျှပ်စစ်စက်ရုံ ၄၁ ရုံနဲ့ အကြီးစား ကျောက်မီးသွေးစက်ရုံပေါင်းရင် ၄၂ ရုံအထိရှိလာပြီး ၆၃၉၁ မဂ္ဂါဝပ်အထိ တပ်ဆင်အင်အား တိုးလာတဲ့အတွက် ၂၄  နှစ်အတွင်း အဆပေါင်း ၃၁ ဆ တိုးတက်လာခဲ့တာ အံ့သြစရာပါပဲ။ လာအိုရဲ့ရည်မှန်းချက်ဟာ သက္ကရာဇ် ၂၀၂၀ ပြည့်နှစ်မှာ လျှပ်စစ်တပ်ဆင်အင်အား  ၁၄၀၀၀ မဂ္ဂါဝပ်အထိတိုးလာမယ်ဆိုတော့  ၂၇ နှစ်အတွင်း ၆၈ ဆ တိုးတက်တပ်ဆင် လာနိုင်မှာ ဖြစ်လို့ ချီးကျူးစရာပါပဲ။ ဒီလိုတိုးတက်လာဖို့အတွက် ဆောင်ရွက်ဆဲရေအားလျှပ်စစ်စက်ရုံပေါင်း ၅၀ ရှိပါတယ်။ အားလုံး ၂၀၂၀ ပြည့်နှစ်နောက်ဆုံးထားပြီး ဆောင်ရွက်မယ်လို့ဆိုပါတယ်။ ဒါတွေသာ အားလုံးပြီးခဲ့ရင်တော့ မြန်မာနိုင်ငံကဒေသတွင်းမှာ ရေအားလျှပ်စစ်ရောင်းချပြီး ဝင်ငွေရှာဖို့  လုံးဝဘောင်ကျဉ်းသွားပါပြီ။

လာအိုဟာ သူစပြီးဖွံ့ဖြိုးခါစမှာကတည်းက ဗီယက်နမ်ကဓာတ်အားကို ဝယ်သုံးခဲ့ရပါတယ်။ အခုလည်း ဝယ်တဲ့အခါ ဝယ်တယ်၊ ရောင်းတဲ့အခါ ရောင်းနေပါတယ်။ လျှပ်စစ်ဓာတ်အားခလည်း ရာသီအလိုက် ဈေးအတက်အကျ လုပ်ထားလို့ရတဲ့အတွက်  သက်သာတဲ့အခါ ဝယ် တယ်၊ ဈေးကောင်းရတဲ့အခါ ရောင်းတယ်၊ ကြိုညှိထားကြပါတယ်။

၂၀၀၀ ပြည့်နှစ်ကစပြီး ၂၀၁၈ ခုနှစ်အထိ လာအိုရဲ့ အိမ်နီးချင်းများနဲ့ အရောင်းအဝယ်လုပ်နေတဲ့ဓာတ်အား (ကီလိုဝပ် နာရီသန်း ပေါင်း)ကို အောက်ပါအတိုင်း နှိုင်းယှဉ်ပြပါမယ်။

နှစ်အလိုက် လာအိုနိုင်ငံ လျှပ်စစ်ဓာတ်အားတင်ပို့မှုနဲ့တင်သွင်းမှု (ကီလိုဝပ်နာရီသန်း)

၁၇ နှစ်အတွင်း အသားတင်တင်ပို့မှုဟာ  ၃၀၆၇၆ (ကီလိုဝပ်နာရီ သန်းပေါင်း)  ဖြစ်နေတာကို တွက်ယူလို့ရပါတယ်။  ၂၀၁၈  ခုနှစ်မှာ  မြန်မာတစ်နိုင်ငံလုံးမှာ ထုတ်လုပ်ခဲ့တဲ့  ကီလိုဝပ်နာရီသန်းပေါင်း ၁၉၉၀၀ ရှိပါတယ်။ အခုလာအိုက ၂၀၁၈ ခုနှစ်မှာ ပြည်ပကိုရောင်းတဲ့ ပမာဏဟာ ၈၄၆၉ (ကီလိုဝပ်နာရီသန်းပေါင်း)ရှိတဲ့အတွက်  မြန်မာတစ်နှစ်စာထုတ် လုပ်မှုရဲ့ထက်ဝက်လောက်အထိ ရောင်းချနေ သလိုပါပဲ။ ထိုင်းကိုရောင်းတဲ့ ရောင်းဈေးဟာ ဓာတ်အားတစ်ယူနစ်အတွက် သုည ဒသမ ၀၇ (7 UScent/ KWh) ဈေးနှုန်းခန့် ဖြစ်ပါ တယ်။ လက်ရှိအခြေအနေမှာ  လျှပ်စစ်ရောင်းပြီး  လာအိုရရှိနေတဲ့  နိုင်ငံခြားဝင်ငွေဟာ နှစ်စဉ် အမေရိကန်ဒေါ်လာသန်း ၄၀၀ အထက် ရောက်နေပါပြီ။

လာအိုဟာ ထိုင်းကိုသာမက ထိုင်းနိုင်ငံထဲကနေ ဓာတ်အားလိုင်းဖြတ် သန်းသွယ်ယူပြီး မလေးရှားနိုင်ငံကို ၂၀၁၇ ခုနှစ်ကစပြီး မဂ္ဂါဝပ် ၁၀၀ တပ်ဆင် အင်အားပမာဏနဲ့ညီမျှတဲ့ ဓာတ်အားကိုရောင်းနေပါပြီ။ ၂၀၂၀ ပြည့်နှစ် မှာ ထပ်ပြီးတိုးရောင်းမှာပါ။ နောက်နှစ်တွေမှာ  ထပ်တိုးဝင်လာမယ့် ဓာတ်အားပေးစက်ရုံ ၅၀ ကျော်နဲ့ပေါင်းရင် လာအိုတစ်နိုင်ငံလုံး စက်ရုံ ပေါင်း ၉၀ ကျော် ဖြစ်လာမှာပါ။   ဒါတွေကနေထွက်မယ့်ဓာတ်အားရဲ့  ၉၀ ရာခိုင်နှုန်းကို ပြည်ပကိုရောင်းချပြီး နိုင်ငံခြားဝင်ငွေရတော့မှာဖြစ်လို့ ၂၀၂၅ ခုနှစ်မတိုင်မီမှာပဲ လျှပ်စစ်ရောင်းရငွေ အမေရိကန်ဒေါ်လာသန်း ၈၀၀  ကနေ ၁၀၀၀  ကြားအထိ  နှစ်စဉ်ဝင်ငွေ  ရရှိလာတော့မှာပါ။ ဒီအတွက်လည်း ဓာတ်အားရောင်းချရေးစာချုပ်တချို့ ချုပ်ပြီးဖြစ်ပါတယ်။

လာအိုက ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံအသစ်လာအိုရဲ့ ဓာတ်အားထုတ်လုပ်မှုထဲမှာ ရေအားလျှပ်စစ်သက်သက်ပဲ လားလို့မေးရင် မဟုတ်ပါဘူး။ ဒီလောက်ရေအားလျှပ်စစ်ပေါပြီး ပြည်ပ ကို ရောင်းချနေတဲ့ကြားကပဲ ၂၀၁၅ ခုနှစ်မှာ ၁၈၇၈ မဂ္ဂါဝပ် (၃_၆၂၆ မဂ္ဂါဝပ်) အင်အားရှိတဲ့ ဟွန်ဆာ (Hong Sa) ဆိုတဲ့ ဓာတ်အားကုမ္ပဏီဟာ ထိုင်းနိုင်ငံက  Ratchaburi Electricity Generating   ကုမ္ပဏီနဲ့ ပူးပေါင်းပြီး Xaignabouli ဒေသမှာ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတစ်ရုံပါ ထပ်မံတည်ဆောက် လိုက်ပါ သေးတယ်။ ဒီစက်ရုံကို တရုတ်နိုင်ငံ (China National Electric Engineering Company-CNEEC) ကုမ္ပဏီနဲ့ အကျိုးတူ ပူးပေါင်းတည်ဆောက်တာပါ။ ကုန်ကျစရိတ် အမေ ရိကန်ဒေါ်လာ ၃ ဒသမ ၇၁ ဘီလီယံကုန်ကျပါတယ်။ သူထုတ်တဲ့ဓာတ်အား သူသုံးတာက ၁၀ ရာခိုင်နှုန်းလောက်ပဲရှိပြီး  ၉၀ ရာခိုင်နှုန်းလောက်ကို ပြည်ပပို့နေချိန်မှာ ဘာကြောင့်ကျောက်မီးသွေးသုံးစက်ရုံတစ်ခု ပြည်တွင်း မှာထပ်တည်ရသလဲဆိုရင် နိုင်ငံခြားငွေထပ်ပြီးရှာမလို့ပါလို့ပဲ ပြောရမှာပါပဲ။ ကိုယ့်ပြည်တွင်းမှာ ကျောက်မီးသွေး စက်ရုံတည်ပြီး  နိုင်ငံခြားကိုရောင်းတာ သူ့ပြည်သူကလက်ခံတာဟာ ဘာကြောင့်ပါလဲ။ နည်းပညာမြင့်စက်ရုံဖြစ်ပြီး   ထုတ်လုပ်မှု စရိတ်သက်သာတဲ့အတွက်ကြောင့်ပါပဲ။ ဓာတ်အားတစ်ယူနစ်ပေါ်ကနေ ပြည်ပကရတဲ့ငွေ ဘယ်လောက်ရှိသလဲ၊ တွက်ပြပါမယ်။

တပ်ဆင်စက်အင်အား                             ၁၈၇၈   မဂ္ဂါဝပ်

စက်ရုံ၏ Capacity Factor                       ဝ.၈

နှစ်စဉ်ထုတ်လုပ်မည့်ဓာတ်အား                 ၁၃၁၆၁ (ကီလိုဝပ်နာရီသန်းပေါင်း)

တစ်ယူနစ်အသားတင်အမြတ်                    ဝ.၀၁ အမေရိကန်ဒေါ်လာ

                                                            (1 UScent/KWh)

နှစ်စဉ်ပျမ်းမျှအမြတ်ဝင်ငွေ                        ၁၃၁ (အမေရိကန်ဒေါ်လာသန်း)

ဆက်လက်ဖော်ပြပါမည်။