အခမဲ့သုံးစွဲခွင့်ပြုပါရန် မူပိုင်ခွင့်ရှိသူများထံ မေတ္တာရပ်ခံပန်ကြားခြင်း

အခမဲ့သုံးစွဲခွင့်ပြုပါရန် မူပိုင်ခွင့်ရှိသူများထံ မေတ္တာရပ်ခံပန်ကြားခြင်း

    မြန်မာတစ်မျိုးသားလုံး အလေးအမြတ်ထားပြီး ပျော်ရွှင်စွာ ဆင်နွှဲကြသည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ကာလကို ယခင်နှစ်များနည်းတူ ၂၀၂၃ ခုနှစ်တွင်လည်း မြန်မာ့ရိုးရာ အစဉ်အလာများနှင့်အညီ ဆင်နွှဲသွားမည်ဖြစ်ပါသည်။   ထိုသို့ဆင်နွှဲရာတွင်   ဖျော်ဖြေမှု အနေဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ/ဝန်ကြီးဌာနများ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ဌာနဆိုင်ရာများသည် မဟာသင်္ကြန် တေးသီချင်းများကို ဖျော်ဖြေသီဆိုမှုများ၊ တင်ဆက်ကပြမှုများကို ပြုလုပ်သွားမည်ဖြစ်ပါသည်။ ထိုသို့ နိုင်ငံတော်အစိုးရ ကိုယ်စား ပြုလုပ်သည့် မြို့တော်ဝန်မဏ္ဍပ်များနှင့် ယခုနှစ်မှ နေပြည်တော်တွင် စတင်ပြုလုပ်မည့် လမ်းလျှောက်သင်္ကြန် မဏ္ဍပ်များတွင် သင်္ကြန်နှင့် သက်ဆိုင်သော တေးသီချင်းများဖြင့်  သီဆိုဖျော်ဖြေမှုများအား မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားက အများပြည်သူသို့ အခမဲ့ ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။

သို့ဖြစ်ရာ စီးပွားရေး အကျိုးအမြတ်အတွက် မဟုတ်ဘဲ အများပြည်သူ ဖျော်ဖြေရေးအတွက်   ရည်ရွယ်ဆောင်ရွက်သော  အထက်ပါနေရာများ၌ သီဆိုဖျော်ဖြေခြင်း၊ ထုတ်လွှင့်ဖော်ပြခြင်းများတွင် ပါဝင်သည့် တေးသီချင်းများအား   မေတ္တာဖြင့်အခမဲ့ သုံးစွဲခွင့်ပြုနိုင်ပါရန် မူပိုင်ခွင့်ရှိသည့် ပညာရှင်ကြီးများကို    လေးစားစွာမေတ္တာ ရပ်ခံပန်ကြားအပ်ပါသည်။

ထိုသို့အသုံးပြုခွင့်ပေးသည့် အတွက် ပြန်ကြားရေးဝန်ကြီးဌာနက သက်ဆိုင်သည့် မူပိုင်ခွင့်ရှိသူ ပုဂ္ဂိုလ်တစ်ဦးချင်းစီအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။                                    

 ပြန်ကြားရေးဝန်ကြီးဌာန