တိုင်းစစ်ဌာနချုပ်အသီးသီး၌ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းနှင့် မြန်မာ့သိုင်း သင်တန်း ဆင်းပွဲများပြုလုပ်

တိုင်းစစ်ဌာနချုပ်အသီးသီး၌ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းနှင့် မြန်မာ့သိုင်း သင်တန်း ဆင်းပွဲများပြုလုပ်

နေပြည်တော်၊ ဧပြီ - ၇

        တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်ကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ မိမိတို့၏ ဘာသာ၊ သာသနာကို တန်ဖိုးထားတတ်စေရန်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး ပညာထူး ချွန်သူများဖြစ်လာစေရန်နှင့် အခြားသိသင့် သိထိုက်သည့် ဘာသာရေး ဗဟုသုတ များကိုသိရှိစေရန်ရည်ရွယ်၍ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းများ၊ ကွန်ပျူတာ အခြေခံသင်တန်းများ၊ အင်္ဂလိပ်စာသင်တန်းများနှင့် မြန်မာ့သိုင်းသင်တန်းများကို တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များ၌ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြသည်။

        ထိုသို့ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း များနှင့် မြန်မာ့သိုင်း သင်တန်းဆင်းပွဲများကို ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမ၌လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ ဧရာဝတီခန်းမ ၌လည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်ရှိ ဗန္ဓုလခန်းမ၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေးနန်းမြို့တွင်းရှိ ရန်အောင်မြင် ဓမ္မာရုံ၌လည်းကောင်း ပြုလုပ်ကြရာ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင် များ ကြွရောက်တော်မူကြပြီးတိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိ သူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်တန်း နည်းပြများနှင့် သင်တန်းသား ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

        ဦးစွာ တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက အမှာစကား များပြောကြားကြသည်။ ထို့နောက် တာဝန်ရှိသူများက သံဃာတော်များနှင့် သာသနာ နွယ်ဝင် သီလရှင်များအား နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း၍ သင်တန်းနည်းပြ များနှင့် သင်တန်းများတွင် ထူးချွန်ဆုရရှိကြသူများအား တိုင်းမှူးများနှင့် တာဝန်ရှိသူ များက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး နည်းပြများနှင့် သင်တန်းသား များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

        အလားတူ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များ တွင်လည်း ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲများနှင့် မြန်မာ့သိုင်းသင်တန်း ဆင်းပွဲများကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။