၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲ ကျင်းပ

၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲ ကျင်းပ

နေပြည်တော်၊ ဧပြီ - ၇

        ၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ငူလေတပ်စခန်းဌာနချုပ်၊ နယ်မြေခံ စက်ပစ် ကွင်း၌ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(လေ)ကိုယ်စား တောင်ငူလေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် စွမ်းလှိုင်မင်းနှင့် အရာရှိ၊ စစ်သည်များ၊ ပြိုင်ပွဲဝင် အသင်းများ တက်ရောက်ကြသည်။

        ဆုပေးပွဲတွင် ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်းဆုရရှိသူများနှင့် အသင်းလိုက်ဆုရရှိသူများအား တာဝန်ရှိသူများကလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ)တံခွန်စိုက်ဒိုင်းရရှိသော တောင်ငူလေတပ်စခန်းဌာနချုပ်အသင်းအား ကာကွယ် ရေး ဦးစီးချုပ်(လေ)ကိုယ်စား တောင်ငူလေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူးက လည်း ကောင်း တံခွန်စိုက်ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ကြ သည်။

        အဆိုပါ သေနတ်ပစ်ပြိုင်ပွဲတွင် ကာကွယ်ရေးဦးစီးချုပ်(လေ) ကွပ်ကဲမှုအောက် လေတပ်စခန်းဌာနချုပ်၊ လေတပ်စခန်းအသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၄ သင်းက အမျိုးသား/ အမျိုးသမီး ပစ္စတိုပစ်ခတ်စဉ်၊ အမျိုးသား/ အမျိုးသမီး ကာဘိုင်ပစ်ခတ်စဉ်၊ အမျိုးသားရိုင်ဖယ်ပစ်ခတ်စဉ်၊ အမျိုးသားစက်ကလေးပစ်ခတ်စဉ်များကို ဧပြီလ ၃ ရက်နေ့မှ ယနေ့အထိ ယှဉ်ပြိုင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။