မင်းဘူးမြို့နယ်၊ ကန်ရေကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

မင်းဘူးမြို့နယ်၊ ကန်ရေကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ ဧပြီ - ၇

        မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကန်ရေကျေးရွာမှ သံဃာတော်များနှင့် ဒေသခံပြည်သူများအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဆေးကုသရေးအဖွဲ့က ယနေ့တွင် ကန်ရေကျေးရွာရှိသာသနာ့ရက္ခိတ ဘုန်းတော်ကြီးကျောင်း၌အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

တိုင်းစစ်ဌာနချုပ်၊ ဆေးကုသရေးအဖွဲ့က သံဃာတော်များနှင့်ဒေသခံပြည်သူ စုစုပေါင်း ၂၀၅ ဦးတို့ကို မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကလေးရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးကြရာ မကွေးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။