အသက် ၁၅ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

အသက် ၁၅ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ထားဝယ်၊ အားကစား

တနင်္သာရီတိုင်းဒေသကြီး  အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား လေးခရိုင် အသက် ၁၅ နှစ်အောက်   အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်  ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီ ၈ ရက်က ထားဝယ်မြို့ရှိ ရွှေဝယ်သီရိ အားကစားကွင်း၌ကျင်းပကြောင်း  သိရသည်။

ရှေးဦးစွာ ဗိုလ်လုပွဲသို့တက်ရောက်လာ သည့်   ထားဝယ်ခရိုင်(က) အသင်းနှင့် ကော့သောင်းခရိုင်အသင်းတို့   ယှဉ်ပြိုင် ကစားကြရာ ကော့သောင်းခရိုင်အသင်းက ၂ ဂိုး- ၁ ဂိုးဖြင့်အနိုင်ရရှိသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနား ကိုကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ်က ပွဲစဉ်တစ်လျှောက်   အကူအညီပေးခဲ့သော ကြက်ခြေနီတပ်ဖွဲ့အား  ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပြီး တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ က ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဂိုး အကောင်းဆုံးနှင့်  ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိကြ သူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့် ကြပြီး နောက် ပထမဆုနှင့်ဒုတိယဆု ရရှိသောအသင်းများအား ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့် ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပထမဆုရရှိသော ကော့သောင်းခရိုင်အသင်းအား တံခွန်စိုက်ဆု ဖလား ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။         

ကျော်ကျော်လတ်