စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် အမှတ်စဉ်(၁၀၉)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၁၀၉)

Power Berge ဆိုတဲ့ မီးထိုးဆီနဲ့မောင်းမယ့် ၇၀၀ မဂ္ဂါဝပ်ကို ရန်ကုန်တစ်ဖက်ကမ်းမှာဖြစ်စေ၊    ဝေးရာမှာဖြစ်စေ  ထားဖို့ ၅ နှစ်စာခန့်ပဲ ငှားထားပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဓာတ်အားတစ်ယူနစ် ရောင်းဈေးကတော့ 12 UScent/KWh ခန့်ဖြစ်လို့ ကာလတို ငါးနှစ်ခန့်တော့ သည်းခံရမှာပေါ့။

လိုအပ်ချက်နဲ့ ထုတ်လုပ်နိုင်မှု နှိုင်းယှဉ်မယ် အခုလို အရင်းအမြစ်မျိုးစုံကို စနစ်တကျရောစပ်ပြီး ထုတ်လုပ်လိုက်ရင် ရရှိလာမယ့် နှစ်စဉ်ဓာတ်အားထုတ်လုပ်မှုနဲ့ အမှန်တကယ် အဲဒီကာလတွေမှာ လိုအပ်လာမယ့်ပမာဏနဲ့ ချိန်ထိုးကြည့်ပါ့မယ်။ (လိုအပ်ချက်ကို ရှေ့အခန်း(၂၆)တွင် တွက်ချက်ဖော်ပြခဲ့ပြီးဖြစ်သည်။)

အမှန်လိုအပ်ချက်နဲ့ ဖြစ်သင့်သော ရေအား၊ ဓာတ်ငွေ့နှင့် ကျောက်မီးသွေးစက်ရုံများရဲ့ ထုတ်လုပ်မှုနှိုင်းယှဉ်ခြင်း

ဒီဇယားကိုလေ့လာရင်  ထုတ်လုပ်မှုဟာ လိုအပ်ချက်ထက် နှစ်စဉ်ပိုမိုနေတဲ့အတွက် နယ်စပ်ဖြတ်ကျော် ဓာတ်အားကုန်သွယ်မှုကိုပါ ချင့်ချိန်ပြီးလုပ်လို့ ရနိုင်ပါတယ်။  နွေရာသီမှာ အမြင့်ဆုံး လိုအပ်ချက်ဖြစ်လာမယ့် အချိန်နဲ့ အချိန်ကိုက် ရေအားလျှပ်စစ်တမံတွေ ရေနည်းလာနိုင်တာကိုပါ ထည့်သွင်းစဉ်းစားတွက်ချက်ထားတာပါ။  စက်စွမ်းရည်  (Capacity Factor) များကိုတော့ ရေအားစက်ရုံများ ၀ ဒသမ ၅၊ အပူသုံးစက်ရုံများ ၀ ဒသမ ၇၅၊ နေစွမ်းအင်စက်ရုံများ ၀ ဒသမ ၂ စသည်ဖြင့် သတ်မှတ်ပြီး တွက်ချက်ထားပါတယ်။ ဒီလိုရောစပ်ထုတ်လုပ်လိုက်ရင် နိုင်ငံတော် ဓာတ်အားစနစ်မှာ ဖြစ်ပေါ်လာမယ့် ဓာတ်အားထုတ်လုပ်မှု တစ်ယူနစ်ဈေးကတော့ အောက်ကဇယားအတိုင်း ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။

ဖြစ်သင့်သော ဓာတ်အားထုတ်လုပ်မှုကြောင့် ဖြစ်ပေါ်လာမည့် ဓာတ်အားထုတ်လုပ်မှု ပျမ်းမျှနှုန်းထား

မှတ်ချက်။       ။ဓာတ်အားတစ်ယူနစ်အတွက် ထုတ်လုပ်မှုစရိတ်များအဖြစ်

          ရေအား        = 5.5UScent                   

ကျောက်မီးသွေး     = 7.4 UScent        

          သဘာဝဓာတ်ငွေ့(LNG)    = 8.8 UScent        

          Power Berge        = 12 UScent

          နေစွမ်းအင်   = 12 UScent အသီးသီး သတ်မှတ်စဉ်းစားထားပါတယ်။

ဒီဇယားမှာလေ့လာရင်    အစပိုင်းနှစ်များမှာ    အရင်းအမြစ်အချိုးရောစပ်မှု   ပုံစံမမှန်သေးပါဘူး။ ဈေးနှုန်းမြင့်မားတဲ့ သဘာဝဓာတ်ငွေ့ (LNG)၊ Power Berge (မီးထိုးဆီ)တွေ     ပိုပြီးလည်ပတ်ထားရလို့ ထုတ်လုပ်ခဈေးနှုန်း ပိုပြီးမြင့်နေပါတယ်။ တဖြည်းဖြည်း ရေအားလျှပ်စစ်အချိုးပိုများလာပြီး ကျောက်မီးသွေးကိုပါ ထပ်ဆောင်းလိုက်တဲ့အတွက် ဓာတ်အားထုတ်လုပ်မှုဈေးနှုန်းဟာ  နှစ်အလိုက်ပြန်ကျလာတာ တွေ့ရမှာပါ။ နောက်နှစ်တွေမှာ ရေအားလျှပ်စစ်နဲ့ ကျောက်မီးသွေးကို အဓိကထားပြီး ထပ်တိုးလိုက်မယ်ဆိုရင် မိမိနိုင်ငံထဲက ဓာတ်အားတစ်ယူနစ် ထုတ်လုပ်မှုဈေးနှုန်းဟာ 6 UScent / KWh ဝန်းကျင်ခန့်သာရှိတော့မှာဖြစ်လို့   ဖြန့်ဖြူးပြီးသည်အထိ  အများဆုံး 7.5 Uscent ခန့်သာ ရှိပါတော့မယ်။  ဒါဟာ ဗီယက်နမ်ရဲ့ ပျမ်းမျှဈေးနှုန်းဖြစ်လို့ မိမိတို့အတွက် ဈေးကွက်ယှဉ်ပြိုင် နိုင်လာပါလိမ့်မယ်။ ဒီနည်းကို ပထမနည်း (ဖြစ်သင့်သောနည်း)အဖြစ်  သတ်မှတ်ပေးထားပါ။ နောက်ထပ်  ဒုတိယနည်းနဲ့ တတိယနည်းနှစ်မျိုးကို နောက်အခန်းမှာဖော်ပြပြီး နှိုင်းယှဉ်ပါမယ်။

အခန်း (၂၈)

ဓာတ်အားထုတ်လုပ်မှုဈေးနှုန်းတွေ လေ့လာမယ်

ဒီအခန်းမှာဖော်ပြမှာက    ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ တရားဝင်ထုတ်ပြန်ထားတဲ့   LNGသုံး ဓာတ်အားပေးစက်ရုံလေးရုံနဲ့ အခြားသော ဖြစ်နိုင်ခြေရှိတဲ့ ဓာတ်ငွေ့-LNG သုံး ဓာတ်အားပေးစက်ရုံတွေ ဓာတ်အားစနစ်ထဲကို ဘယ်တော့ဝင်လာမလဲ၊ ဘယ်နေရာတွေမှာ တည်ဆောက်ကြမလို့လဲ၊   ဘယ်လောက် မဂ္ဂါဝပ်တွေနဲ့  ဝင်လာမှာလဲ၊ ဒါတွေဝင်လာရင် ဓာတ်အားစနစ်မှာ အရင်းအမြစ် အချိုးရောစပ်မှုတွေ ဘယ်လိုဖြစ်သွားမလဲ၊ ဓာတ်အားခဈေးနှုန်းတွေရော ဘယ်လိုဖြစ်သွားမလဲ စတာတွေ အသေးစိတ်တွက်ချက် ဖော်ပြသွားမှာပါ။

ဒီတွက်ချက်မှုမှာ ရေအားလျှပ်စစ်တွေကို အားမထည့်ဘဲ လျှော့ပြီးစဉ်းစားထားသလို ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကိုလည်း လက်ရှိလည်ပတ်ဆဲ တီကျစ်ကျောက်မီးသွေးစက်ရုံတစ်ရုံသာ ထည့်သွင်းစဉ်းစားထားပါတယ်။ ကျောက်မီးသွေးစက်ရုံအသစ် ထပ်မံတည်ဆောက်ဖို့ စဉ်းစားထားခြင်း မရှိပါဘူး။ သို့သော် ဓာတ်ငွေ့နဲ့  LNG ကို  သုံးစွဲပြီး လည်ပတ်မယ့်ပမာဏကိုတော့   တရားဝင် ထုတ်ပြန်ချက်ရော ထပ်တိုး တည်ဆောက်လာနိုင်တာတွေပါ ထည့်သွင်းစဉ်းစားထားပါတယ်။ ဒီတွက်နည်းကို စာဖတ်ပရိသတ်က ဒုတိယနည်း လို့သာ မှတ်ပေးပါ။ ရှေ့အခန်း နံပါတ် (၂၇)မှာ ဖော်ပြခဲ့တဲ့ စာရေးသူကိုယ်ပိုင်စဉ်းစားမှုနဲ့ ဖောြ်ပခဲ့တဲ့နည်းကို ပထမနည်းလို့ မှတ်ပေးပါ။ ဒီဒုတိယနည်းမှာ တည်ဆောက် ပြီးစီးမယ့် စက်ရုံတွေကို တစ်မျိုးချင်းတွက်ပြပါ့မယ်။

(က) ရေအားလျှပ်စစ်စီမံကိန်းများ

ဒုတိယနည်း စဉ်းစားရာမှာ ရေအားလျှပ်စစ်တွေကို လျှော့စဉ်းစားထားပါတယ်လို့ ပြောခဲ့ပြီးဖြစ်ပါတယ်။ ဘယ်စီမံကိန်းတွေကို ဘယ်တော့ပြီးအောင် လုပ်မှာလဲဆိုတာ အောက်ကဇယားမှာ လေ့လာကြပါ။

ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန် ရေအားလျှပ်စစ်စီမံကိန်းများနှင့်

ပြီးစီးမည့်နှစ်များ ဒုတိယနည်း