ကလေးသူငယ်များနှင့် ပြည်သူများအကြားသို့ PDF အမည်ခံအကြမ်းဖက် သမားများက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်၊ ကလေးသူငယ်များ အပါအဝင် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာများရရှိ

လွိုင်ကော်မြို့နှင့် အရာတော်မြို့နယ်တို့ရှိ ရေကစားမဏ္ဍပ်များ၌ ပျော်ရွှင်စွာ ရေကစား နေကြသည့် ကလေးသူငယ်များနှင့် ပြည်သူများအကြားသို့ PDF အမည်ခံအကြမ်းဖက် သမားများက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်၊ ကလေးသူငယ်များ အပါအဝင် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာများရရှိ

နေပြည်တော်၊ ဧပြီ - ၁၅

          ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးဗဟိုမဏ္ဍပ်၌ ယနေ့နံနက်ပိုင်းတွင် မဟာသင်္ကြန်အကြတ်နေ့ကို ကလေးသူငယ်များ အပါအဝင် ပြည်သူများ ပျော်ရွှင်စွာရေကစားနေစဉ် PDF အမည်ခံအကြမ်းဖက်သမားများက Drop Bomb ဖြင့် ယုတ်မာရက်စက်စွာ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

          ဖြစ်စဉ်မှာ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြတ်နေ့ဖြစ်သည့် ယနေ့တွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဗဟိုမဏ္ဍပ်၌ ကလေးငယ်များအပါအဝင် ပြည်သူများ ရေကစား နေစဉ်  နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက Drone ယာဉ်တစ်စီးဖြင့်  Drop Bomb ၁ လုံး ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ အမျိုး သား ၁၅ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၈ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

          အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လွိုင်ကော်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိရာ ပြည်နယ်ဝန်ကြီး ချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြသည်။

            အလားတူ စစ်ကိုင်းတိုင်း‌ဒေသကြီး၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာရှိ ဓမ္မာရုံ၌ ကလေးသူငယ်များအပါအဝင် ကျေးရွာသူ၊ ကျေးရွာသားများက မဟာသင်္ကြန်အကြတ်နေ့၌ ပျော်ရွှင်စွာရေကစားနေကြစဉ် ယနေ့ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက Drone ယာဉ်တစ်စီးဖြင့် Drop Bomb ၂ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၃ ဦးအပါအဝင် အပြစ်မဲ့ကျေးရွာသူ၊ ကျေးရွာသား ၁၃ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် အဆိုပါလူနာများအား အရာတော်မြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင် ဆေး ကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။

            ယခုကဲ့သို့ ကလေးသူငယ်များနှင့် အပြစ်မဲ့ပြည်သူများ ရေကစားနေသည့် နေရာအား ရည်ရွယ်ချက်ရှိရှိဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းသည် ဂျီနီဗာ ကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး  အဆိုပါအကြမ်းဖက်မှုကိုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများ အားအမြန်ဆုံး ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။