ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ရွှေလက်အိတ်ဆုအတွက် မန်ယူအသင်းဂိုးသမား ဒီဂီယာ ထိပ်ဆုံးမှဦးဆောင်နေ

ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ရွှေလက်အိတ်ဆုအတွက် မန်ယူအသင်းဂိုးသမား ဒီဂီယာ ထိပ်ဆုံးမှဦးဆောင်နေ

မန်ချက်စတာ၊ ဘောလုံး

မန်ယူအသင်းဂိုးသမား ဒီဂီယာသည် ပရီးမီးယား လိဂ်ပွဲစဉ်အဖြစ် နော်တင်ဟမ်အသင်းနှင့် မန်ယူအသင်းတို့ကစားသည့်ပွဲစဉ်တွင်   ဂိုးမပေးရအောင်စွမ်းဆောင်နိုင်ပြီးနောက် ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပွဲစဉ်  (၃၀)  ကစားပြီးချိန်တွင် ဂိုးမပေးရသည့် ပွဲစဉ်(Clean Sheet) ၁၄ ပွဲအထိရှိလာပြီးနောက် ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆု အတွက် ထိပ်ဆုံးမှဦးဆောင်နေကြောင်း သိရ သည်။

အစောပိုင်းက မန်ယူအသင်းဂိုးသမား ဒီဂီယာသည် ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆုအတွက် နယူးကာဆယ်အသင်းဂိုးသမား နစ်ပုပ်ခ်နှင့် ဂိုးမပေးရသည့် ပွဲစဉ်တူညီနေသော်လည်း နစ်ပုပ်ခ်သည် အက်စ်တွန်ဗီလာအသင်းနှင့် နယူးကာဆယ် အသင်းတို့ပွဲစဉ်တွင်  ၃ ဂိုး-ဂိုးမရှိဖြင့်  ရှုံးနိမ့်ခဲ့သည့်အတွက် ဒီဂီယာက နစ်ပုပ်ခ်ထက် တစ်ပွဲအသာဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေခြင်းဖြစ်သည်။

ယခုဘောလုံးရာသီတွင် မန်ယူအသင်းအနေဖြင့် ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်   အဆင့်(၃)နေရာ၌ ရပ်တည်လျက်ရှိရာတွင် ဂိုးသမားဒီဂီယာက အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ဂိုးသမား ဒီဂီယာ အနေဖြင့်  ယခုဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ရွှေလက်အိတ်ဆု ဆွတ်ခူးနိုင်မည်ဆိုပါက မန်ယူအသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆု နှစ်ကြိမ်ရရှိမည့်  ပထမဆုံးဂိုးသမား ဖြစ်လာမည် ဖြစ်သည်။

ရွှေလက်အိတ်ဆုအတွက် ဒီဂီယာ၏နောက်တွင် နယူးကာဆယ်အသင်းဂိုးသမား နစ်ပုပ်ခ်က ၁၃ ပွဲဖြင့်ဒုတိယ၊ အာဆင်နယ် အသင်း ဂိုးသမား ရမ်ဒဲလ်က ၁၂ ပွဲဖြင့်တတိယ၊ လီဗာပူးအသင်းဂိုးသမား အယ်လီဆန်က ၁၁ ပွဲဖြင့်စတုတ္ထနှင့်  အက်စ်တွန်ဗီလာ အသင်း ဂိုးသမား မာတီနက်ဇ်က ၁၀ ပွဲဖြင့် ပဉ္စမနေရာ၌ရပ်တည်နေကြောင်း သိရသည်။

Ref;90Min