မန်စီးတီးအသင်းနှင့်ကစားမည့် အရေးကြီးပွဲစဉ်ကို အာဆင်နယ်အသင်း အဓိကခံစစ်ကစားသမား ဆလီဘာလွဲချော်မည်

မန်စီးတီးအသင်းနှင့်ကစားမည့် အရေးကြီးပွဲစဉ်ကို အာဆင်နယ်အသင်း အဓိကခံစစ်ကစားသမား ဆလီဘာလွဲချော်မည်

လန်ဒန်၊ ဘောလုံး

အာဆင်နယ်အသင်း အဓိကခံစစ်ကစားသမား ဆလီဘာသည် ဒဏ်ရာသက်သာခြင်းမရှိသေးသည့် အတွက် မန်စီးတီးအသင်းနှင့် ကစားမည့် ပရီးမီးယား လိဂ်ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်လာဖွယ် ရှိနေသည့်ပွဲစဉ်ကိုပါ လွဲချော်ရမည်ဖြစ်သောကြောင့် အာဆင်နယ်အသင်းခံစစ်ပိုင်းအတွက် အခက်တွေ့ကြုံ ဖွယ်ရှိနေကြောင်း သိရသည်။

ဆလီဘာသည်  မာဆေးလ်အသင်းတွင်  အငှား စာချုပ်ဖြင့် ပြောင်းရွှေ့ကစားနေရာမှ အကောင်းဆုံး ခြေစွမ်းပြနိုင်သည့်အတွက် ယခု ဘောလုံးရာသီတွင် အသင်းနှင့်ပြန်လည်ပူးပေါင်းပြီးနောက်   အာဆင် နယ်အသင်းတွင်လည်း ထိပ်တန်းအဆင့်ရှိ  ခြေစွမ်း ပြနိုင်ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အကောင်းဆုံး ခံစစ်ကစားသမားများမှ တစ်ဦးအပါအဝင် ရပ်တည် နေသူဖြစ်သည်။

အာဆင်နယ်အသင်းသည်    လက်ရှိအချိန်တွင် ချန်ပီယံဆုအတွက် အမှတ်ပေးဇယားအဆင့်(၂)နေရာမှ မန်စီးတီးအသင်းကို  ရမှတ် လေးမှတ်ဖြတ် ထားသော်လည်း မန်စီးတီးအသင်းအနေဖြင့် တစ်ပွဲ လျော့အနေအထားတွင်ရှိနေသောကြောင့် မန်စီးတီး အသင်းသာ  ပွဲကျန်တစ်ပွဲကို အနိုင်ရရှိမည်ဆိုပါက အာဆင်နယ်အသင်းနှင့် တစ်မှတ်အကွာတွင်ရောက် ရှိလာမည်ဖြစ်သည်။

ထို့ပြင် မန်စီးတီးအသင်းနှင့် အာဆင်နယ်အသင်း တို့သည် ဧပြီ ၂၇ ရက်တွင် ချန်ပီယံဆုအတွက် အဆုံးအဖြတ် ဖြစ်လာဖွယ် ရှိသည့်ပွဲစဉ်ကို ကစားရမည်ဖြစ်ပြီး အဆိုပါပွဲစဉ်တွင် ရှုံးနိမ့်ပါက မန်စီးတီး အသင်းက ရမှတ်နှစ်မှတ်အကွာဖြင့် ပြန်လည်ဦးဆောင် မည်ဖြစ်သည်။

ဆလီဘာသည် မတ် ၁၇ ရက်က အာဆင်နယ် အသင်းနှင့် စပို့တင်းလစ္စဘွန်းအသင်းတို့ ကစားသည့် ပွဲစဉ်တွင် နောက်ကျော ဒဏ်ရာရရှိပြီးနောက် အနား ယူခဲ့ရသူဖြစ်ပြီး လက်ရှိအချိန်ထိ ဒဏ်ရာမှာ သက်သာခြင်းမရှိသေးသည့်အတွက် မန်စီးတီးအသင်းနှင့် ပွဲစဉ်ကို လွဲချော်ဖွယ်ရှိကြောင်း သိရသည်။

Ref;ESPN