၂၀၂၄ အာရှဖလားယူ-၂၃ အမျိုးသားဘောလုံးပြိုင်ပွဲ ပထမအဆင့်ခြေစစ်ပွဲစဉ်များ အုပ်စုမဲခွဲရန် အဆင့်သတ်မှတ်ချက်တွင် မြန်မာ အသင်း မဲအိုးနံပါတ်(၂)၌ ကျရောက်နေ

ရန်ကုန်၊ အားကစား

၂၀၂၄ အာရှဖလားယူ-၂၃ အမျိုးသားဘောလုံးပြိုင်ပွဲ ပထမအဆင့်ခြေစစ်ပွဲစဉ်များ အုပ်စုမဲခွဲရန် အဆင့်သတ်မှတ်ချက်တွင် မြန်မာ အသင်း မဲအိုးနံပါတ်(၂)၌ ကျရောက်နေ

အာရှဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် ၂၀၂၄ အာရှဖလားယူ-၂၃ အမျိုးသားဘောလုံးပြိုင်ပွဲ ပထမအဆင့်ခြေစစ်ပွဲစဉ်များ အုပ်စုမဲခွဲရန် အဆင့်သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းသည် မဲအိုးနံပါတ်(၂)၌ ကျရောက်နေကြောင်း သိရသည်။

၂၀၂၄ အာရှဖလားယူ-၂၃ အမျိုးသားဘောလုံးပြိုင်ပွဲ ပထမအဆင့်ခြေစစ်ပွဲစဉ်များကို အာရှဒေသတွင်းမှ ၄၇ သင်းဖြင့် မဲအိုးငါးအိုး ပါဝင်မည်ဖြစ်ကာ မဲအိုးနံပါတ်(၁)၌ ဆော်ဒီအသင်း၊ ဥဇဘတ်ကစ္စတန်အသင်း၊ ဂျပန်အသင်း၊ သြစတြေးလျအသင်း၊ တောင်ကိုရီးယား အသင်း၊ အီရတ်အသင်း၊ ဗီယက်နမ်အသင်း၊ တာ့ခ်မင်နစ္စတန်အသင်း၊ ထိုင်းအသင်းနှင့် ဂျော်ဒန်အသင်းတို့ပါဝင်ကြသည်။

အလားတူ မဲအိုးနံပါတ်(၂)၌ ယူအေအီးအသင်း၊ အီရန်အသင်း၊ ကူဝိတ်အသင်း၊ မလေးရှားအသင်း၊ တာဂျစ်ကစ္စတန်အသင်း၊ ဘာရိန်းအသင်း၊ မြန်မာအသင်း၊ ဆီးရီးယားအသင်း၊ ကမ္ဘောဒီးယားအသင်းနှင့် အိန္ဒိယအသင်း၊ မဲအိုးနံပါတ်(၃)၌ စင်ကာပူအသင်း၊ ယီမင်အသင်း၊ ကာဂျစ္စတန်အသင်း၊ တီမောအသင်း၊ လက်ဘနွန်အသင်း၊ အိုမန်အသင်း၊ လာအိုအသင်း၊ ပါလက်စတိုင်းအသင်း၊ မွန်ဂိုလီးယားအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ပါဝင်ခဲ့ကြသည်။

မဲအိုးနံပါတ်(၄)၌ တရုတ်(တိုင်ပေ)အသင်း၊ ဘင်္ဂလားဒေ့ရှ်အသင်း၊ ဖိလစ်ပိုင်အသင်း၊ ဟောင်ကောင်အသင်း၊ မော်လ်ဒိုက်အသင်း၊    သီရိလင်္ကာအသင်းနှင့် နီပေါအသင်း၊ မဲအိုးနံပါတ်(၅)၌ အာဖဂန်နစ္စတန်အသင်း၊ ဘူတန်အသင်း၊ ဘရူနိုင်းအသင်း၊ တရုတ်အသင်း၊ ဂူအန်အသင်း၊ မကာအိုအသင်း၊ မြောက်ကိုရီးယားအသင်း၊ မြောက်မာရီနာကျွန်းစုအသင်း၊ ပါကစ္စတန်အသင်းနှင့် ကာတာအသင်းတို့ ပါဝင်ခဲ့ကြကြောင်း သိရသည်။

စည်သူအောင်