မြန်မာနှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်ပွဲကျင်းပ

ပဲခူး၊ သာသနာရေး

မြန်မာနှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်ပွဲကျင်းပ

ပဲခူးမြို့ ဆေးရုံဟောင်းလမ်းပေါ်ရှိ နှစ်ဦးတရားအလှူဓမ္မသဘင်မဏ္ဍပ်၌ မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲကို ဧပြီ ၁၇ ရက်မှ  ၁၉ ရက်အထိ သုံးညတိုင်တိုင် ကျင်းပသည်။

မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ပွဲသို့ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်ကျော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဓမ္မမိတ်ဆွေများ တက်ရောက်ကြည်ညိုနာယူကြပြီး ပင့်ဖိတ်ထားသည့် ဓမ္မကထိကဆရာတော်များက နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားကာ  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများက ဓမ္မပူဇာအလှူငွေနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ မြန်မာနှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်ပွဲအား ဧပြီ ၁၇ ရက် ညတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ပဲခူးမြို့ ဥဿာသီရိစာသင်တိုက် ပဓာနနာယကဒေါက်တာဘဒ္ဒန္တသူရိယ(အဂ္ဂမဟာပဏ္ဍိတ)ဆရာတော်က “အားကိုးစရာကြိုတင်ရှာ” တရားခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဧပြီ ၁၈ ရက်တွင် ပဲခူးမြို့ သာသနာ့ဇောတိကစာသင်တိုက် ဘဒ္ဒန္တဇနိတ(မဟာဂန္ထဝါစကပဏ္ဍိတ) ဆရာတော်က “ကြီးပွားတိုးတက်ကြောင်း၅ မျိုး” တရားခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဧပြီ  ၁၉ရက်တွင် သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်စာသင်တိုက်နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တသုန္ဒရ (အဂ္ဂမဟာဂန္ထဝါ စကပဏ္ဍိတ)က “ဉာဏ်ဝီရိယရှိပါမှ ကံကကူညီမည်” တရားခေါင်းစဉ်ဖြင့်လည်းကောင်း တရားရေအေးအမြိုက်ဆေးများ ဟောကြား ကြောင်း သိရသည်။

(၄၀၁)