ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ စာစီစာကုံးရေးသားနည်းသင်တန်းဖွင့်လှစ်

ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ စာစီစာကုံးရေးသားနည်းသင်တန်းဖွင့်လှစ်

ကျောက်ဆည်၊ လူငယ်ရေးရာ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကျောက်ဆည်မြို့နယ် စာရေးဆရာ အသင်းနှင့်  အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာစီစာကုံး ရေးသားနည်းသင်တန်းကို  ဧပြီ  ၁၉  ရက်က  ခရိုင်လူထု အခြေပြု ဗဟိုဌာန၌  ဖွင့်လှစ်ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား၊ ကျောင်းသူများ တွေးခေါ်မှု စွမ်းရည်မြင့်မားရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုး တက်စေရေး၊ နွေရာသီအားလပ်ရက်များ တွင် အချိန်ကို အကျိုးရှိစွာအသုံးချတတ် စေရန်ရည်ရွယ်၍ စာစီစာကုံးရေးသားနည်း သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်း လင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်စာရေးဆရာ အသင်းနာယက စာရေးဆရာမောင်ခိုင် ကျော်(ကျောက်ဆည်)က စာစီစာကုံးရေး သားမည်ဆိုပါက စာများများဖတ်ပြီး လေ့ ကျင့်မှုများပြုလုပ်ထားရန်လိုကြောင်း၊ နိဒါန်း၊ စာကိုယ်၊ နိဂုံးစသည့်အင်္ဂါရပ်များနှင့်ပြည့်စုံ ပြီး နိဂုံးသည် ခေါင်းစဉ်နှင့်လျော်ညီသည့် နိဂုံးဖြစ်ရန်လိုကြောင်း၊ ကောင်းမွန်ပြည့်စုံသည့် စာစီစာကုံးဖြစ်စေရန် စာများများ ဖတ်ပြီး ခေါင်းစဉ်နှင့် ကိုက်ညီသည့်အချက် အလက်တင်ပြပုံ     လှပရန်လိုကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် စာရေးဆရာမ ချောယဉ် မင်းက စာစီစာကုံးရေးသားရာတွင် အချက်အလက်လေးမျိုးရှိပြီး သရုပ်ဖော်ခြင်း၊ ဗဟုသုတ ပြည့်စုံခြင်း၊ အကြောင်းအကျိုး ပြခြင်းနှင့်အတွေးအခေါ်ဖော်ပြခြင်းဖြင့် စာစီစာကုံးရေးသားနိုင်ကြောင်း ရှင်းလင်းပြော ကြားသည်။

အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ ဧပြီ ၁၉ ရက်မှ ၂၂ ရက်အထိဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် နွေရာသီအားလပ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် Myanmar Fitness Dance သင်တန်း၊ အခြေခံပန်းချီ ရေးဆွဲနည်း သင်တန်း၊ အခြေခံအင်္ဂလိပ်စာ သင်တန်း၊  အေရိုးဗစ်သင်တန်းနှင့်  စာစီစာကုံး  ရေးသားနည်းသင်တန်းများအပြင် အခြေခံကွန်ပျူတာ သင်တန်းများကို ဆက်လက်ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။                 

တင်တင်ထွေး