ယင်းမာပင်ခရိုင်အတွင်း သီးနှံစုံ ဧက ၄၆၀၀၀၀ ကျော် စိုက်ပျိုးပြီးစီး

ယင်းမာပင်ခရိုင်အတွင်း သီးနှံစုံ ဧက ၄၆၀၀၀၀ ကျော် စိုက်ပျိုးပြီးစီး

မုံရွာ၊ စိုက်ပျိုးရေး

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင် ခရိုင်အတွင်းရှိ ယင်းမာပင်၊ ကနီ၊ ဆား လင်းကြီးနှင့် ပုလဲမြို့နယ်တို့၌သီးနှံစုံဧက ၄၆၀၀၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။

ယင်းမာပင်ခရိုင်အတွင်း မြေအောက်ရေ၊ မြစ်ရေဝင်၊ ရေလျှံဇုန်နှင့် ဆည်ရေသောက် စနစ်တို့ဖြင့် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ စိုက်ပျိုး ကြောင်း သိရသည်။

ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်အလိုက် သီးနှံစုံစိုက်ပျိုးထားရှိမှုအနေဖြင့် ယင်းမာပင်မြို့နယ်၌ ၉၃၄၆၇ ဧက၊ ကနီမြို့နယ်၌ ၁၃၁ ၁၃၃ ဧက၊ ဆားလင်းကြီးမြို့နယ်၌ ၁၁၀၅၁၉ ဧကနှင့် ပုလဲမြို့နယ်၌ ၁၃၂၄၇၂  ဧက  စိုက်ပျိုးထားကြောင်း သိရသည်။

သီးနှံတစ်မျိုးချင်းအလိုက် စိုက်ပျိုးထား ရှိမှုအနေဖြင့် စပါး ၅၀၅ ဧက၊ ဂျုံ ၈၃၈၉ ဧက၊ ဖူးစားပြောင်း ၃၃၂၂၆ ဧက၊ မြေပဲ ၃၃၄၁၈ ဧက၊ နှမ်း ၆၅၀၈၈ ဧက၊ နေကြာ ၈၃၆၁၈ ဧက၊ ပန်းနှမ်း ၈၅၅၆ ဧက၊ မတ် ပဲ ဧက ၁၀၅၀၀၊ ပဲတီစိမ်း ၁၈၃၉၅ ဧက၊  ထောပတ်ပဲ ၃၈၉၁ ဧက၊ စွန်တာပြာ ၁၀၆၄၇ ဧက၊ ပဲပုပ် ၁၁၄ ဧက၊ ကုလားပဲ ၁၃၉၁၉၅  ဧက၊  ပဲလွမ်း  ၁၁၀၇  ဧက၊ ပဲယဉ်း ၂၅၂ ဧက၊  ပဲကြီး ၁၄၃၇၇ ဧက၊ တခြားပဲ ၁၈၁၈ ဧက၊ ငရုတ် ၁၃၅၈ ဧက၊ ကြက်သွန်နီ ၉၆၆၃ ဧက၊ ကြက်သွန်ဖြူ ၁၂၉၅ ဧက၊ ဟင်းသီးဟင်းရွက် ၁၉၃၀၂ ဧက၊ ငှက်ပျော ၂၈၇၇ ဧက စုစုပေါင်း ၄၆၇၅၉၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

(၆၁၁)