စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၁၁၄)

၃          ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန (DHPI)

၄          ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (EPGE)              

၅          ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း (ESE)                    

၆          မန္တလေးဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC) 

၇          ရန်ကုန်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)

 

(ဂ) ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ

၁          ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန

၂          မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း             

၃          မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်း

၄          မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း     

ဒီဖွဲ့စည်းပုံထဲမှာ ထူးခြားနေတာက ဝန်ကြီးဌာနတစ်ခုတည်းအောက်မှာ  စီမံရေးဦးစီးဌာန  (Planning Department) နှစ်ခုဖွဲ့စည်းပြီး ညွှန်ကြားရေးမှူးချုပ်များ၊   ဒုတိယညွှန်ကြားရေးမှူးချုပ်များ   သီးခြားခန့်ထားပြီး စီမံနေတာတွေ့ရပါတယ်။ စွမ်းအင် စီမံရေးဦးစီး ဌာနကို ၂၀၁၆ ခုနှစ်   မတ် ၃၁ ရက်မတိုင်မီကတည်းက   လုပ်ငန်းလိုအပ်ချက်အရ ဦးစီးဌာနအဖြစ်ကနေ ဖျက်သိမ်းပြီး    ဝန်ထမ်းများ ကို  သူ့ကျွမ်းကျင်မှုအလိုက် နေရာပြောင်းရွှေ့ချထားပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၆ ခုနှစ်  မတ် ၃၁ ရက် နောက်ပိုင်း ကာလမှာ ညွှန်ကြားရေးမှူးချုပ်တစ်ဦး ပြန်လည်ခန့်ထားပြီး ရေနံနဲ့သဘာဝဓာတ်ငွေ့ စီမံရေးဦးစီးဌာနဆိုပြီး ပြန်လည်ဖွဲ့စည်းခဲ့ပါ တယ်။  ဆိုလိုတာက  ဝန်ကြီးဌာနကွဲနေလို့  စီမံခန့်ခွဲမှုတွေအလုပ်မဖြစ်လို့ ပြုပြင်ပြောင်းလဲချင်လို့ ဝန်ကြီးဌာနတစ်ခုတည်း ပေါင်းခဲ့ ပြီးကာမှ ထပ်မံပြီး ဝန်ထမ်းအကြီးအမှူးနှစ်ဦးပြန်ခွဲပြီး ကိုယ့်အပိုင်းနဲ့ကိုယ် Planning လုပ်ငန်းနှစ်ခုခွဲပြီး စီမံနေသလို ဖြစ်သွား ပါတယ်။ ဝန်ကြီးဌာနတစ်ခုမှာ Planning အလုပ်တွေကို ဦးစီးဌာန တစ်ခုတည်းကသာ ဆောင်ရွက်သင့်တဲ့ကိစ္စအပေါ် နောက်ထပ် စီမံရေးဦးစီးဌာနတစ်ခုကို   ပြန်လည်အသက်သွင်းဖွဲ့စည်းခဲ့မှုဟာ ဝန်ကြီးဌာနတွေ ပေါင်းစည်းလိုက်တဲ့ ရည်ရွယ်ချက်နဲ့   ကိုက်ညီမှုရှိ၊ မရှိ  ပြန်လည် သုံးသပ်သင့်တဲ့ကိစ္စပါ။

MEPE ကနေ DPTSC ဘာ့ကြောင့် ပြောင်းသွားသလဲ

နောက်ဌာနတစ်ခုကတော့     မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း (MEPE) ဆိုတဲ့ စီးပွားရေးအဖွဲ့အစည်းကို ၂၀၁၆ ခုနှစ် ဧပြီလကစပြီး ဦးစီးဌာနအဖြစ် ပြောင်းခဲ့ပြန်တယ်။ မိမိခြေထောက်ပေါ် မိမိရပ်တည်ပြီး တာဝန်ခံမှု၊ တာဝန်ယူမှုနဲ့ စီးပွားရေးဆန်ဆန်  ဆောင်ရွက် ရမယ့် အခြေအနေကနေ  လုပ်ငန်းတာဝန်မပြောင်းလဲဘဲ   ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန (Department of Power Transmission and System Control - DPTSC) အဖြစ်  ပြောင်းလိုက်တဲ့ကိစ္စဟာလည်း စဉ်းစားစရာ ကိစ္စပါ။

ဆက်လက်ပြီး ဝန်ထမ်းအင်အားအခြေအနေကိုလေ့လာရင် ခွင့်ပြုနဲ့ ခန့်ထားဆိုပြီး နှစ်မျိုးတွေ့ရမှာပါ။ ခွင့်ပြုဆိုတာကတော့    အများဆုံးခန့်နိုင်တဲ့ အင်အားပါ။ ယခင်အစိုးရကာလမှာကတည်းက ၆၀ ရာခိုင်နှုန်းထက်ကျော်ပြီး မခန့်နိုင်အောင် ဒုတိယသမ္မတ တစ်ဦးကိုယ်တိုင် ဌာနများရဲ့ ဖွဲ့စည်းပုံနဲ့ ဝန်ထမ်းခန့်ထားမှုကို စောင့်ကြည့်နေခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ မလိုအပ်ဘဲ ဝန်ထမ်းများ တိုးချဲ့ခန့်ထားမှုကို မလုပ်နိုင်အောင် ထိန်းထားတဲ့သဘောပါ။ ဒီလိုထိန်းထားတဲ့ ရည်ရွယ်ချက်ဟာ လက်ရှိစီမံခန့်ခွဲမှု များကို E-Government System နဲ့ စီးပွားရေးဆန်ဆန်ပြောင်းလဲဆောင်ရွက်ဖို့ အစီအစဉ်ရှိတဲ့အတွက် ရေရှည်မှာ ဝန်ထုပ် ဝန်ပိုးဖြစ်မှာ စိုးလို့ပါ။ သို့သော် E-Government System ဟာ ယနေ့အထိ သိသိသာသာတိုးတက်မလာခြင်းနဲ့ စီးပွားရေး ဆန်ဆန် ဆောင်ရွက်ရန် အားမထည့်ခြင်းတို့ကြောင့် ခန့်ထားဝန်ထမ်းဦးရေနည်းလွန်းလို့ ထပ်ခန့်ပါရစေဆိုပြီး သက်ဆိုင်ရာ ဌာနများဟာ အထက်အဆင့်ဆင့်ကို အကြိမ်ကြိမ် တောင်းဆိုနေဆဲပါပဲ။

လျှပ်စစ်ကဏ္ဍမှာ ဝန်ထမ်းဦးရေအခြေအနေကို သိသာစေဖို့ အိမ်နီးချင်းနိုင်ငံတချို့ရဲ့ ဝန်ထမ်းဦးရေနဲ့ နှိုင်းယှဉ်ပြပါမယ်။ (ဝန်ကြီးရုံး ဝန်ထမ်းဦးရေကို ထည့်မတွက်ပါ။)

နိုင်ငံအလိုက် တပ်ဆင်စက်အင်အားနှင့် ဝန်ထမ်းခန့်ထားမှု

နှိုင်းယှဉ်ချက် (၂၀၁၈၊ မတ်လ)

ဒီဇယားကိုလေ့လာရင် မိမိတို့နိုင်ငံမှာ လျှပ်စစ်ကဏ္ဍ ခန့်ထားပြီးဦးရေ အခြေအနေကို သိနိုင်ပါတယ်။ ဖော်ပြခဲ့တဲ့နိုင်ငံတွေမှာ ဘယ်လိုစီမံခန့်ခွဲနေတာလဲလို့မေးရင် လူနဲ့လုပ်တဲ့အလုပ်တွေကို နည်းပညာမြှင့်ပြီး E-Government System နဲ့ အကောင်အထည် ဖော်တယ်။ အုပ်ချုပ်စီမံမှုပုံစံကို နိုင်ငံပိုင်စီးပွားရေး ကော်ပိုရေးရှင်းအဖြစ်နဲ့ ကိုယ့်တာဝန်ကိုယ်ယူစေတယ်။ ကိုယ့်ခြေထောက် ပေါ်ကိုယ်ရပ်ပြီး အရည်အသွေးမြင့် စီမံခန့်ခွဲမှုနည်းတွေနဲ့ ဆောင်ရွက်စေတယ်။ ကျွမ်းကျင်မှုပေါ်အခြေခံပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ဖြစ်စေတဲ့ အလေ့အကျင့်နဲ့ ဆောင်ရွက်စေတယ်။ (အသေးစိတ်ကို နိုင်ငံတကာစွမ်းအင် စီမံခန့်ခွဲမှုအခန်းမှာ ဖော်ပြခဲ့ပြီးပါပြီ။) ထိုင်းနိုင်ငံမှာ ကျင့်သုံးနေတဲ့  စီမံခန့်ခွဲမှုနဲ့ ထိန်းချုပ်ကွပ်ကဲမှုကိုတော့ နမူနာတစ်ခုအဖြစ် ဖော်ပြပါမယ်။

ထိုင်းနိုင်ငံမှာ အမျိုးသား အဆင့် စွမ်းအင်မူဝါဒကောင်စီရှိတယ်

ထိုင်းနိုင်ငံမှာ အမျိုးသားအဆင့် စွမ်းအင်မူဝါဒကောင်စီ (National Energy Policy Council-NEPC) ဆိုတာ ဖွဲ့ထားတယ်။ ဝန်ကြီးချုပ် ကိုယ်တိုင် ဦးဆောင်တယ်။ ဒုတိယဝန်ကြီးချုပ်တွေ၊ စွမ်းအင်နဲ့ဆက်စပ် ဝန်ကြီးဌာနဝန်ကြီးတွေ၊ အတွင်းဝန်တွေ၊ ညွှန်ကြားရေး မှူးချုပ်တွေ ပါတယ်။ စုစုပေါင်း ၁၉ ဦး ရှိပါတယ်။ လုပ်တဲ့အလုပ်က ဝန်ကြီးဌာနတွေအားလုံး ကိုယ့်လမ်းကိုယ်လျှောက်ပြီး ကိုယ်လုပ် ချင်သလို လုပ်လို့မရအောင် ပေါ်လစီနဲ့ မဟာဗျူဟာ၊ ဥပဒေတွေကို (အစိုးရအဖွဲ့ကိုတင်ပြပြီး အတည် ပြုချက်မယူမီ) နောက်ဆုံး သုံးသပ်အတည်ပြုတဲ့အဖွဲ့ပဲ။ ဝန်ကြီးဌာနတွေရဲ့ ဆောင်ရွက်မှုတွေ ကိုလည်း စောင့်ကြည့်နေတယ်။ မူသဘောဆုံးဖြတ်ဖို့ လိုတာတွေ ကို ဒီအဖွဲ့ကဆုံးဖြတ်တယ်။      

ဆက်လက်ဖော်ပြပါမည်။

မော်သာထွေး(မန္တလေး)