ရွှေဘိုနှင့်ရေဦးခရိုင်အတွင်းရှိ မြို့နယ်များ၌ နွေစပါးဧက ၅၀၀၀၀ ကျော် စိုက်ပျိုးပြီးစီး

ရွှေဘိုနှင့်ရေဦးခရိုင်အတွင်းရှိ မြို့နယ်များ၌ နွေစပါးဧက ၅၀၀၀၀ ကျော် စိုက်ပျိုးပြီးစီး

ရွှေဘို၊ စိုက်ပျိုးရေး

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်နှင့် ရေဦးခရိုင်အတွင်းရှိ   မြို့နယ်များ၌ ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် နွေစပါးဧက ၅၀၀၀၀ ကျော်စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

ရွှေဘိုခရိုင်နှင့် ရေဦးခရိုင်အတွင်း ယခုနှစ်နွေစပါးစိုက်ပျိုးရာသီတွင် ဧက ၂၅၁၇၁၀ စိုက်ပျိုးနိုင်ရေး လျာထားလုပ်ဆောင်လျက်ရှိရာ   လက်ရှိအချိန်ထိ ဧက ၅၃၂၆၀ စိုက်ပျိုးပြီးစီးနေပြီဖြစ်သည်။

“ရွှေဘိုခရိုင်နဲ့ ရေဦးခရိုင်တွေက သဖန်းဆိပ် ဆည်ရေသောက်ဧရိယာဖြစ်တဲ့အတွက် စိုက်ပျိုးရေလုံလောက်မှုရှိပါတယ်။ လျာထား ချက်ပြည့်မီကျော်လွန်ဖို့ စိုက်ပျိုးရေးဦးစီးဌာနက ကူညီဆောင်ရွက်ပေးနေပါတယ်” ဟု ၎င်းကပြောသည်။

နွေစပါးစိုက်ပျိုးပြီးစီးမှုအနေဖြင့် ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘိုမြို့နယ်၌ ၂၁၇၉၁ ဧက၊ ခင်ဦးမြို့နယ်၌ ဧက ၁၂၂၂၀၊ ဝက်လက်မြို့နယ်၌ ၁၃၃၄ ဧက၊ ရေဦးခရိုင်အတွင်းရှိ ရေဦးမြို့နယ်၌ ၁၄၁၅ ဧက၊ တန့်ဆည်မြို့နယ်၌ ၄၅၁၇ ဧက၊ ဒီပဲယင်း မြို့နယ်၌ ၁၁၉၈၃ ဧက   စိုက်ပျိုးပြီးစီးပြီဖြစ်သည်။

ပြီးခဲ့သည့် နွေစပါးစိုက်ပျိုးရာသီက ရွှေဘိုခရိုင်နှင့် ရေဦးခရိုင်အတွင်းရှိ မြို့နယ်များ၌ နွေစပါး ၄၇၂၀၆ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။               

(၆၁၁)