မျိုးဆက်သစ်ထူးချွန်လူငယ်ကစားသမားများ ရွေးချယ်မည့် FIFA-MFF TDS Scouting Tour 2023 အစီအစဉ်စတင်

မျိုးဆက်သစ်ထူးချွန်လူငယ်ကစားသမားများ ရွေးချယ်မည့် FIFA-MFF TDS Scouting Tour 2023 အစီအစဉ်စတင်

ရန်ကုန်၊ အားကစား

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ  FIFA-MFF TDS Scouting Tour 2023    အစီအစဉ်ဖြင့်     နိုင်ငံတစ်ဝန်း မျိုးဆက်သစ် ထူးချွန်လူငယ်ကစားသမားများ ရှာဖွေရွေးချယ်ခြင်းကို ဧပြီ ၂၀ ရက်က ရန်ကုန်မြို့ရှိ အမျိုးသား ဘောလုံး အကယ်ဒမီလေ့ကျင့်ရေးကွင်း၌  စတင်ပြုလုပ်ကြောင်း သိရသည်။

ကစားသမားရွေးချယ်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးမှ ကစားသမား ၁၄၀ ဦး လာရောက်ရွေးချယ်ခံခဲ့ကြပြီး နိုင်ငံတစ်ဝန်း၌   သက်ဆိုင်ရာ ရက်များအလိုက် ဆက်လက်ရွေးချယ်လျက်ရှိသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် အဆိုပါအစီအစဉ်ကို အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး အသက် ၁၁ နှစ်၊ ၁၂ နှစ်၊ ၁၃ နှစ်၊ ၁၄ နှစ်၊ ၁၅ နှစ်အရွယ် ထူးချွန်သော မျိုးဆက်သစ်ကစား သမားများကို ဘောလုံးနည်းစနစ် ကျွမ်းကျင်မှုအလိုက်  စနစ်တကျ စိစစ်ရွေးချယ်မည် ဖြစ်သည်။

FIFA-MFF TDS Scouting Tour 2023 အစီအစဉ်တွင် ပါဝင်လိုပါက သက် ဆိုင်ရာမြို့နယ်များရှိ အားကစားနှင့်ကာယ ပညာဦးစီးဌာန များသို့ ပေးပို့လျှောက်ထား ရမည်ဖြစ်ကြောင်းနှင့် ရွေးချယ်မည့်ရက် မတိုင်မီ တစ်ရက်အလိုတွင် လျှောက်လွှာ တင်သွင်းမှုစာရင်း   ပိတ်မည်ဖြစ်ကြောင်း သိရသည်။                   

 ချမ်းမြေ့