လီဗာပူးအသင်း သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင် တိုက်စစ်ကစားသမား ဆာလက်ချ်က ဂန္ထဝင်ကစားသမား ရော်ဘီဖောင်လာ၏ သွင်းဂိုးစံချိန်ကို လိုက်မီ

လီဗာပူးအသင်း သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင် တိုက်စစ်ကစားသမား ဆာလက်ချ်က ဂန္ထဝင်ကစားသမား ရော်ဘီဖောင်လာ၏ သွင်းဂိုးစံချိန်ကို လိုက်မီ

    လီဗာပူးအသင်း တိုက်စစ်ကစားသမား ဆာလက်ချ်သည် လီဗာပူးအသင်းနှင့် နော်တင်ဟမ်အသင်းတို့ ကစားသည့်ပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ပြီးနောက်    လီဗာပူးအသင်း သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင် ဂန္ထဝင်ကစားသမား ရော်ဘီဖောင်လာ၏ သွင်းဂိုးစံချိန်ကို လိုက်မီနိုင်ခဲ့ကြောင်း သိရသည်။

    လီဗာပူးအသင်းက    နော်တင်ဟမ် အသင်းကို အိမ်ကွင်းတွင် ၃ ဂိုး-၂ ဂိုးဖြင့် အနိုင်ရရှိသည့် ပွဲစဉ်၌   ဆာလက်ချ်က ပွဲချိန် မိနစ် ၇၀ တွင် အသင်းအတွက်   သွင်းဂိုးသွင်းယူနိုင်ပြီးနောက်  လီဗာပူး အသင်းနှင့် ပြိုင်ပွဲစုံ  စုစုပေါင်း ၁၈၃ ဂိုးအထိရှိလာပြီးနောက် ရော်ဘီဖောင်လာ၏ သွင်းဂိုးစံချိန်ကို လိုက်မီနိုင်ခဲ့ခြင်းဖြစ်သည်။

    ရော်ဘီဖောင်လာသည် ၁၈၃ ဂိုးကို ပွဲပေါင်း ၃၆၉ ပွဲအထိ ကစားပြီးမှသာ သွင်းယူနိုင်ခြင်းဖြစ်ပြီး ယခုအခါ ဆာလက်ချ်က ၂၉၈ ပွဲကစားပြီး သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

    လီဗာပူးအသင်း သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင်   အီရန်ရိုက်က  ၃၄၆ ဂိုးဖြင့်  ထိပ်ဆုံး၌  ရပ်တည်နေပြီး  ၎င်း၏နောက်တွင် ရော်ဂျာဟန့်က ၂၈၅ ဂိုးဖြင့် ဒုတိယ၊ ဂေါ်ဒန်ဟော့ဆန် က ၂၄၁ ဂိုးဖြင့် တတိယ၊ လစ်ဒဲလ်က ၂၂၈ ဂိုးဖြင့် စတုတ္ထ၊ စတီဗင်ဂျရတ်က ၁၈၆ ဂိုးဖြင့် ပဉ္စမနေရာ၌ ရပ်တည်နေပြီး ဆာလက်ချ်အနေဖြင့် ဂျရတ်၏ သွင်းဂိုး စံချိန်ကိုလိုက်မီရန် သုံးဂိုးသာ လိုတော့ကြောင်း သိရသည်။