ချယ်လ်ဆီးအသင်းက ယခုဘောလုံးရာသီ အကုန်တွင် ကစားသမား ၁၇ ဦးအထိ အများအပြား ရောင်းချရန် စီစဉ်ထား

ချယ်လ်ဆီးအသင်းက ယခုဘောလုံးရာသီ အကုန်တွင် ကစားသမား ၁၇ ဦးအထိ အများအပြား ရောင်းချရန် စီစဉ်ထား

    ချယ်လ်ဆီးအသင်းသည် လာမည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ဘဏ္ဍာရေးစည်းမျဉ်းနှင့် မငြိစွန်းစေရန် သင့်လျော်သည့် ကမ်းလှမ်းမှုများ ရရှိပါက  အသင်းကစားသမား  ၁၇  ဦးအထိ အများအပြားရောင်းချရန် စီစဉ်ထားကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ယခုဘောလုံးရာသီတွင် အသင်းပိုင်ရှင်  တော့ဘိုလီ ပိုင်ဆိုင်ပြီးနောက်  ပြီးခဲ့ သည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလနှင့် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတို့တွင် ပြောင်းရွှေ့ကြေး အသုံးစရိတ် စတာလင်ပေါင် တစ်ဘီလီယံခန့် အသုံးပြုပြီး ကစားသမားသစ်များ ခေါ်ယူထားသည့်အတွက် ဘဏ္ဍာရေးစည်းမျဉ်းနှင့် ငြိစွန်းနိုင်ဖွယ်ရှိနေသည့် ကစားသမားအများစုကို ပြန်လည်ရောင်းချခြင်း သို့မဟုတ် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုခြင်းများ ပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်း  ရောင်းချရန်စီစဉ်နေသည့် ကစားသမားစာရင်းတွင် ကိုင်ဟာဗက်၊ စတာလင်း၊ အူဘာမီယန်း၊ ဘရိုဂျာ၊ ကူလီဘာလေ၊ ကိုဗာဆစ်၊ ပူလီဆစ်၊ ဇီယက်၊ လော့တပ်ချီ စသည့် ကစားသမားများ အပါအဝင် ကစားသမား ၁၇ ဦးကို သင့်လျော်သည့်  ကမ်းလှမ်းမှုများ ရရှိမည်ဆိုပါက ပြန်လည်ရောင်းချရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ယခုဘောလုံးရာသီတွင် နည်းပြအပြောင်းအလဲ နှစ်ကြိမ်အထိ ပြုလုပ်သကဲ့သို့ ပြောင်းရွှေ့ကြေး အသုံးစရိတ် အများအပြား အသုံးပြုပြီး ထိပ်တန်းကစားသမားများကို ခေါ်ယူအင်အား ဖြည့်တင်း ထားသော်လည်း   ရလဒ်ပိုင်းတည်ငြိမ်မှုမရှိဘဲ ရုန်းကန်ခဲ့ရကာ   ချန်ပီယံလိဂ် ဝင်ခွင့်နှင့်လည်း လွဲချော်ရဖွယ်ရှိနေပြီး   အသင်းဝင်ငွေ ကျဆင်းမည့် အခြေအနေများကြောင့် အသင်းမှ   ကစားသမားအများစုကို ရောင်းချပြီး   အသင်းဘဏ္ဍာပိုင်းကို   ပြန်လည်ထိန်းညှိရန် ကြိုးစားနေကြောင်း သိရသည်။