ဘရာဗို၏ တစ်ရာသီအတွင်း ဂိုးမပေးရသည့်ပွဲ(Clean Sheet) အများဆုံးစံချိန်ကို ဘာစီလိုနာအသင်းဂိုးသမား တာစတီဂျန် လိုက်မီ

ဘရာဗို၏ တစ်ရာသီအတွင်း ဂိုးမပေးရသည့်ပွဲ(Clean Sheet) အများဆုံးစံချိန်ကို ဘာစီလိုနာအသင်းဂိုးသမား တာစတီဂျန် လိုက်မီ

ဘာစီလိုနာ၊ ဘောလုံး

စပိန်လာလီဂါပွဲစဉ်(၃၀)အဖြစ် ဘာစီလိုနာအသင်း နှင့် အက်သလက်တီကို အသင်းတို့ကစားသည့်ပွဲစဉ်တွင် ဘာစီလိုနာအသင်းက    အက်သလက်တီကို အသင်းကို ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ပြီးနောက်  ဘာစီလိုနာအသင်းဂိုးသမား တာစတီဂျန်သည် စပိန်လာလီဂါသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးမပေးရသည့်ပွဲ(Clean Sheet) အများဆုံး ဂိုးသမားအဖြစ် စံချိန်တင်ထားသည့်   ရီးယဲလ်မက်ဒရစ်အသင်းဂိုးသမားဟောင်း  ဘရာဗို၏စံချိန်ကို လိုက်မီနိုင်ခဲ့ကြောင်း သိရသည်။

စပိန်လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးမပေးရသည့်ပွဲ(Clean Sheet) အများဆုံး ကစားသမားအဖြစ်  ရီးယဲလ်မက်ဒရစ်အသင်း  ဂိုး သမားဟောင်း ဘရာဗိုက စုစုပေါင်း ၂၃ ပွဲဖြင့် စံချိန် တင်ထားခဲ့ခြင်းကို  ယခုအခါ  ဘာစီလိုနာအသင်း ဂိုးသမား တာစတီဂျန်လိုက်မီနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုဘောလုံးရာသီတွင် ဘာစီလိုနာအသင်းသည် စပိန်လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေပြီး ချန်ပီယံဆုအတွက် ရေပန်းစားလျက်ရှိရာတွင် ဂိုးသမားတာစတီဂျန်က အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကာ စပိန်လာလီဂါပြိုင်ပွဲ ပွဲပေါင်း ၃၀ ကစားပြီးချိန်တွင် ဘရာဗို၏စံချိန်ကို လိုက်မီနိုင်ခဲ့ ခြင်းဖြစ်ပြီး ပြိုင်ပွဲပြီးဆုံးရန် ရှစ်ပွဲအထိ လိုအပ်နေသေးသည့်အတွက် တာစတီဂျန် အနေဖြင့် ဘရာဗို၏ စံချိန်ကိုပါ ကျော်ဖြတ်နိုင်ရန် နီးစပ်လျက်ရှိသည်။

တာစတီဂျန်သည် စပိန်လာလီဂါပြိုင်ပွဲ၌ ဂိုးမပေးရသည့်ပွဲ(Clean Sheet)အများဆုံးဂိုးသမား စာရင်းတွင် ဒုတိယနေရာမှ   ဆိုစီဒက်အသင်း ဂိုးသမား ရီမီရိုကို ၁၂ ပွဲအထိဖြတ်တောက်ထားပြီး စပိန်လာလီဂါ အကောင်းဆုံးဂိုးသမားဆုအတွက် သေချာနေသကဲ့သို့ ဥရောပထိပ်တန်းလိဂ်ငါးခုတွင်လည်း စွမ်းဆောင်ရည် အကောင်းဆုံးဂိုးသမားအဖြစ် ရပ်တည်နေကြောင်း သိရသည်။

Ref;B/R Football