“အကယ်ဒမီပွဲကြို” ရုပ်ရှင်ဇာတ်ဝင်တေးများဖျော်ဖြေပွဲ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်

နေပြည်တော်  ဧပြီ ၂၆

“အကယ်ဒမီပွဲကြို” ရုပ်ရှင်ဇာတ်ဝင်တေးများဖျော်ဖြေပွဲ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်

ပြည်သူများအပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေး အစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ Friday Night Live Show အစီအစဉ် ဆန်းသစ်မှုအဖြစ် “အကယ်ဒမီ ပွဲကြို” ရုပ်ရှင်ဇာတ်ဝင်တေးများ ဖျော်ဖြေပွဲကို  ဧပြီ ၂၈ ရက် သောကြာနေ့ ည ၈ နာရီသတင်းများ အပြီးတွင် MRTV-HD Channel မှ  ထုတ်လွှင့်ပြသမည်ဖြစ်သည်။

အဆိုပါအစီအစဉ်တွင် “မြန်မာ့အသံတေးဂီတ” အဖွဲ့၏ တီးခတ်မှုနှင့်အတူ တေးသံရှင်များဖြစ်ကြသည့် အကယ်ဒမီရဲအောင်၊ စိုးရန်အောင်၊ ဈာန်ထူး၊ စောဒယ်နီရယ်၊ လင်းဘုန်းကျော်၊ ဇော်မင်းဦး၊ မယ်လိုဒီ၊ အိအိလှိုင်၊ ရေဂျီးနား၊ မြနန္ဒာနှင့် မြင့်မြတ်ကျော်တို့က သီဆိုဖျော်ဖြေကြမည်ဖြစ်ပြီး ထိုသို့တင်ဆက်မှုကို ဧပြီ ၃၀ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင် ထပ်မံထုတ်လွှင့် ပြသမည် ဖြစ်ကြောင်း သိရသည်။                         

(သတင်းစဉ်)