(၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လ မြိုင်မြို့ရှိ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်း

(၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လ မြိုင်မြို့ရှိ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်း

နေပြည်တော်၊ မေ - ၁

      (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ ဆေးရုံတက်ရောက်ကုသ မှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများ သွေးလိုအပ် မှုမရှိစေရေးအတွက် မော်လမြိုင်မြို့ရှိ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်း သွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီး ချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သွေးအလှူရှင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

       ဆက်လက်၍ ကျန်းမာရေး ဝန်ထမ်းများက သွေးအလှူရှင် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင် ၄၅ ဦးအား သွေးလှူဒါန်းနိုင်ရေးအတွက် သွေးပေါင်ချိန်ခြင်း၊ သွေးအမျိုး အစားခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး သတ်မှတ် နေရာအသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။

      ထိုသို့ စုပေါင်းသွေးလှူဒါန်းနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးပြီး သွေးအလှူရှင်များအတွက် အာဟာရ ဖြည့်စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။