ဟုမ္မလင်းမြို့နယ်၊ အောင်လွန်ကျေးရွာ၊ မိတ္ထီလာမြို့နယ်၊ တောမကျေးရွာနှင့် ပတ်ဝန်း ကျင်ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းများဆောင်ရွက်

ဟုမ္မလင်းမြို့နယ်၊ အောင်လွန်ကျေးရွာ၊ မိတ္ထီလာမြို့နယ်၊ တောမကျေးရွာနှင့် ပတ်ဝန်း ကျင်ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ မေ -

   စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ အောင်လွန်ကျေးရွာရှိ သံဃာတော် များနှင့် ဒေသခံပြည်သူများအား အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေး ကုသရေးအဖွဲ့က  ယနေ့တွင် အဆိုပါကျေးရွာ သိရီမင်္ဂလာဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

    တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က သံဃာတော်များနှင့် ဒေသခံပြည်သူ ၁၈၈ ဦးအား သွေးတိုးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နှလုံးရောဂါ၊ အရိုးနှင့်ဆိုင်သောရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းရောဂါ၊ အသည်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ မျက်စိရောဂါ၊ ဝမ်းပျက်ဝမ်းလျောရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ၊ အရေပြားရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာ ရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးသည်။

     အလားတူ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ တောမကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ယနေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က တောမကျေးရွာရှိ ဈေးကုန်းဘုန်းတော် ကြီးကျောင်း၌  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

       တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ စုစုပေါင်း ၃၈၃ ဦးတို့ကို သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှုလမ်း ကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊  ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

        ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။