မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပမည့် လဟာပြင်ကဇာတ်ရုံ၌ ပြင်ဆင်ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပမည့် လဟာပြင်ကဇာတ်ရုံ၌ ပြင်ဆင်ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော်  မေ  ၂

မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည်  လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ဆပ်ကော်မတီအလိုက် တာဝန်ရှိသူများနှင့်အတူ  ယနေ့ ညနေပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမ အနီးရှိ လဟာပြင်ကဇာတ်ရုံ၌ ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်တို့အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းဆောင်၌    တာဝန်ရှိသူများက  စီစဉ်ဆောင်ရွက်လျက်ရှိသည့်  လုံခြုံရေး၊ ရိုက်ကူးထုတ်လွှင့်ပြသရေး၊ ဆုများချီးမြှင့် ရေး၊ ဆုရကောက်နုတ်ချက်များ ပြသရေး၊ အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ကျန်းမာရေး၊ မီဒီယာများနေရာချထားမှုနှင့် ကြီးကြပ်ရေး၊ စင်မြင့်ဆောက်လုပ်ပြီးစီးမှု အခြေအနေ၊ မီး/အသံစနစ်များ တပ်ဆင်ပြီးစီးမှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက မေ ၆ ရက်တွင်ကျင်းပမည့် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို အဘက်ဘက်မှ လစ်ဟာမှုမရှိစေရေး ကြိုတင် စီမံဆောင်ရွက်ကြရန်၊ အခမ်းအနားတက် ရောက်မည့် အနုပညာရှင်များစာရင်းကို ရရှိထားပြီးဖြစ်၍ တည်းခိုနေထိုင်စားသောက်  ရေး၊ သွားလာရေး ကိစ္စရပ်များကို သက်ဆိုင်ရာ ကော်မတီအလိုက် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ထားရန်၊ မသမာသူ အဖျက်သမားများက မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲကို နည်းမျိုးစုံဖြင့် ပြစ်တင်ဝေဖန်နှောင့်ယှက်မှုများ ရှိလာနိုင်သည့်အတွက် ကြိုတင်စီမံဆောင်ရွက်ရမည့် လုပ်ငန်းများကို ဟန်ချက်ညီညီ ဆောင်ရွက်ထားရှိရန်၊ မည်သည့်အနှောင့်အယှက် အတားအဆီးများ ရှိစေကာမူ မိမိတို့၏ စိတ်စေတနာအမှန်ဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားကြရန်  ဆွေးနွေး ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အခမ်းအနား ကျင်းပမည့် စင်မြင့်ပြင်ဆင် ထားရှိမှု၊ ူနီ နှင့်မီးများ တပ်ဆင်ထားရှိမှု တို့ကိုကြည့်ရှု စစ်ဆေးခဲ့ကြသည်။