မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက် သတင်းရယူနိုင်ရေး အသိပေးကြေညာခြင်း

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက် သတင်းရယူနိုင်ရေး အသိပေးကြေညာခြင်း

၁။      ၂၀၁၉ ခုနှစ်၊၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ် မေလ ၆ ရက်နေ့တွင် နေပြည်တော်၊ မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံ၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

၂။      အဆိုပါအခမ်းအနားသို့ တက်ရောက် သတင်းရယူလိုသော လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ရယူထားသည့် မီဒီယာများ အနေဖြင့် သတင်းမီဒီယာဌာန တစ်ခုလျှင် သတင်းမီဒီယာသမား(၂)ဦးနှုန်းဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ(နေပြည်တော်)၊ ၀၆၇-၃၄၁၂၁၄၃၊  iprd.crd.npt@gmail.com ၊ (ရန်ကုန်)၀၁-၅၄၄၅၈၂၊ ၀၁-၅၄၄၅၈၃၊ iprd.crd.ygn@gmail.com သို့ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန