အကယ်ဒမီပွဲကြို ရုပ်ရှင်ဇာတ်ဝင်တေးများ ဖျော်ဖြေပွဲ ပွဲစဉ်-၂ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်

အကယ်ဒမီပွဲကြို ရုပ်ရှင်ဇာတ်ဝင်တေးများ ဖျော်ဖြေပွဲ ပွဲစဉ်-၂ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်

နေပြည်တော်  မေ  ၃

 

ပြည်သူများအပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များရရှိနိုင်ရန် အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ  ဖျော်ဖြေရေးအစီအစဉ်များကို  တိုးမြှင့် တင်ဆက်လျက်ရှိရာ  Friday Night Live Show အစီအစဉ်ဆန်းသစ်မှုအဖြစ် အကယ်ဒမီပွဲကြို ရုပ်ရှင်ဇာတ်ဝင်တေးများ ဖျော်ဖြေ ပွဲ ပွဲစဉ်-ကြို  ၂၀၂၃ ခုနှစ် မေလ ၅ ရက်သောကြာနေ့ ည ၈ နာရီ သတင်းများအပြီးတွင် MRTV-HD Channel မှ  ထုတ်လွှင့် ပြသမည်ဖြစ်သည်။

အဆိုပါ အစီအစဉ်တွင် မြန်မာ့အသံ တေးဂီတ အဖွဲ့၏ တီးခတ်မှုနှင့်အတူ   တေးသံရှင်များဖြစ်ကြသည့်   စိုးအောင် (ကောင်းကင်ပြာ)၊ ရဲထိုက်၊ စိုးထက်အောင်၊ ချမ်းဟိန်းဝင်းထွန်း၊ စောထက်နေယံ၊ သဲနုဝါ၊ ခင်လပြည့်ဝန်း၊ ပူတူး၊ မြတ်ဆုချယ်နှင့် နန်းခိုင် သစ္စာတို့က  သီဆိုဖျော်ဖြေကြမည်ဖြစ်ပြီး  ထိုသို့တင်ဆက်မှုကို မေလ ၇ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင် ထပ်မံထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။