ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲ ကျင်းပ

ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲ ကျင်းပ

နေပြည်တော်   မေ   ၃

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက  ကြီးမှူးကျင်းပသည့်  ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်ပရိဝုဏ်အတွင်းရှိ    သာသနာ့ မဟာဗိမာန်တော်၌ ကျင်းပသည်။

အခမ်းအနားသို့ စာတမ်းဖတ်ပွဲ သဘာပတိ ဆရာတော်ကြီးများ၊ စာတမ်းရှင် ဆရာတော်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ကြီးဌာနများမှ  အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာအခမ်းအနားကို   နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ် သည်။

အခမ်းအနားတွင် သဘာပတိ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်) ပါမောက္ခဆရာတော်   အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကုမာရက  အဖွင့်သြဝါဒ ကထာ မိန့်ကြား ချီးမြှင့်တော်မူသည်။

ထို့နောက် သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာ တက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခ ဆရာတော် ဒေါက်တာဘဒ္ဒန္တကုသလက “ဒီပင်္ကရာ ဘုရားရှင်လက်ထက်   သုမေဓာ ရှင်ရသေ့ဘဝတွင်   ဗုဒ္ဓမြတ်စွာဘုရားအလောင်းတော် ဗျာဒိတ်ခံယူတော်မူခြင်း” စာတမ်းနှင့် နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်(မန္တလေး)မှ ဌာနမှူးဆရာတော်မဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒာဝရက “သိဒ္ဓတ္ထမင်းသား ဖွားတော်မူခိုက် စကြဝဠာတစ်ဝိုက် ထူးခြားမှုကြီးများကို လေ့လာခြင်း”စာတမ်းတို့ကို ဖတ်ကြားတော် မူကြသည်။

ယင်းနောက်    စာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြသူများက စာတမ်းများနှင့် စပ်လျဉ်း၍ မေးခွန်းများ မေးမြန်းလျှောက်ထားကြရာ  စာတမ်းရှင် ဆရာတော်များက ပြန်လည်ဖြေကြားသည်။

ဆက်လက်၍   နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တကေသရက စာတမ်းများနှင့် စပ်လျဉ်း၍ သြဝါဒကထာ  မိန့်ကြားချီးမြှင့်တော်မူသည်။

ထို့နောက်  အပြည်ပြည်ဆိုင်ရာ ထေရဝါဒ  ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ တွဲဖက်ပါမောက္ခဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒမုခက “သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရား အဖြစ်သို့ ပွင့်ထွန်းပေါ်ပေါက်တော်မူခြင်း” စာတမ်းနှင့် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခ/ဌာနမှူး ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တထေရိန္ဒ က “ဗုဒ္ဓမြတ်စွာပရိနိဗ္ဗာန် စံလွန်တော်မူခြင်း”စာတမ်းတို့ကို ဖတ်ကြားတော်မူကြသည်။

ယင်းနောက်    စာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြသူများက စာတမ်းများနှင့် စပ်လျဉ်း၍ မေးခွန်းများ မေးမြန်းလျှောက်ထားကြရာ  စာတမ်းရှင် ဆရာတော်များက ပြန်လည်ဖြေကြားသည်။

ဆက်လက်၍   သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သဘာပတိဆရာတော်ကြီးများနှင့်  စာတမ်းရှင် ဆရာတော်များအား စာတမ်းဖတ်ပွဲ အခမ်းအနား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် နဝကမ္မ အလှူတော်ငွေများ   ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် သဘာပတိအပြည်ပြည်ဆိုင်ရာ ထေရဝါဒ  ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒက နိဂုံးချုပ် သြဝါဒကထာ မိန့်ကြားချီးမြှင့်တော်မူပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”  သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။