မြိုတိုင်းရင်းသားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

မြိုတိုင်းရင်းသားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် ( ၁၆/၂၀၂၃ )

၁၃၈၅ ခုနှစ် ၊ ကဆုန်လပြည့်ကျော်  ၁  ရက်

( ၂၀၂၃ ခုနှစ် ၊ မေလ  ၄  ရက် )

မြိုတိုင်းရင်းသားပါတီကို နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုခြင်း

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ သပြေကုန်း၊ အမှတ်(၄)ရပ်ကွက်၊ အိမ်အမှတ် (၂၄၅) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော  မြိုတိုင်းရင်းသားပါတီ ကို ၂၀၂၃ ခုနှစ်၊ မေလ  ၄  ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။

မြိုတိုင်းရင်းသားပါတီ ၏မှတ်ပုံတင်အမှတ်မှာ ( ၁၁ ) ဖြစ်ပါသည်။

 

                                                (ပုံ) သိန်းစိုး

                                      ဥက္ကဋ္ဌ

                                       ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်