လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

နေပြည်တော်  မေ  ၄

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော MG,MG4 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် ၁၅ စီးနှင့် MG,MGZS အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် ၂၅ စီး၊ စုစုပေါင်းလျှပ်စစ်သုံး မော်တော်ယာဉ် အစီး ၄၀ သည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ  ထုတ်ယူခွင့်ပြုခဲ့ကြောင်းနှင့် အဆိုပါ  လျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။