ညောင်လေးပင်မြို့နယ်၌ ကဆုန်လပြည့်ဗုဒ္ဓနေ့ ညောင်ရေသွန်းလောင်း ပူဇော်ပွဲကျင်းပ

ညောင်လေးပင်မြို့နယ်၌ ကဆုန်လပြည့်ဗုဒ္ဓနေ့ ညောင်ရေသွန်းလောင်း ပူဇော်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၌    ကဆုန်လပြည့်ဗုဒ္ဓနေ့   ညောင်ရေ သွန်းလောင်းပူဇော်ပွဲကို  မေ  ၃  ရက်က ညောင်လေးပင်မြို့ မဟာတိလောကသမ္ဘူ ကျောက်တော်ကြီးဘုရားကြီးဝင်းအတွင်းရှိ မဟာဗောဓ ိညောင်ပင်၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ  ကဆုန်ညောင်ရေသွန်းပွဲသို့ ညောင်လေးပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော် ဘုန်းမောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့ နယ်အဆင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှု ရေးအသင်းအဖွဲ့များမှ   အသင်းဝင်များ၊ မြို့ပေါ်ရပ်ကွက်များမှ ပရိတ်ရွတ်အဖွဲ့ဝင်များ   တက်ရောက်ကြပြီး   မဟာဗောဓိ ညောင်ပင်တွင် ကဆုန်ညောင်ရေများ သွန်းလောင်းခြင်း၊ ဆုတောင်းမေတ္တာများပို့သ ခြင်း၊ ဝေယျာဝစ္စကုသိုလ်များပြုလုပ်ခြင်း နှင့်  အာဟာရဒါနကျွေးမွေးခြင်း  စသော ကုသိုလ်ကောင်းမှုများကို  စုပေါင်းပြုလုပ်ကြကြောင်း သိရသည်။                        

နေလင်း(ညောင်လေးပင်)