နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသော အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ အမှတ်စဉ်(၅)နှင့် အမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲများ ပြုလုပ်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသော အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ အမှတ်စဉ်(၅)နှင့် အမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲများ ပြုလုပ်

နေပြည်တော်၊ မေ - ၈

    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အမျိုးသမီး အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ အမှတ်စဉ်(၅)နှင့် အမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲများကို    ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိးမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(လားရှိုး)၌ လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း၌ လည်းကောင်း၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ရှိ မြိုင်ကြီးငူအထူးဒေသ၌ လည်းကောင်း အသီးသီးဖွင့်လှစ်ကြရာ သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။ 
    ဦးစွာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက အဖွင့်အမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြများ၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး စားသောက်ဖွယ်ရာများပေးအပ်ကာ ခင်ကျင်းပြသထားသည့် လက်မှုပညာ နမူနာပုံစံ များအား ကြည့်ရှု အားပေးသည်။   
    အဆိုပါသင်တန်းကို အောက်တိုဘာ ၆ ရက်ထိဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။