ကွန်ပျူတာအခြေခံသင်တန်းနှင့် မြန်မာ့သိုင်းအခြေခံသင်တန်း သင်တန်းဖွင့်ပွဲများ ပြုလုပ်

ကွန်ပျူတာအခြေခံသင်တန်းနှင့် မြန်မာ့သိုင်းအခြေခံသင်တန်း သင်တန်းဖွင့်ပွဲများ ပြုလုပ်

နေပြည်တော်၊ ဧပြီ - ၈

          တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ပြီး ကျန်းမာ့ကြံ့ခိုင်မှုရှိ စေရန် ရည်ရွယ်၍ ကွန်ပျူတာအခြေခံသင်တန်းနှင့် မြန်မာ့သိုင်း အခြေခံသင်တန်းဖွင့်ပွဲ များကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ၊ အနော်ရထာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်း သား၊ သင်တန်းသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက  မြန်မာ့သိုင်းသင်တန်းအတွက်  ဝတ်စုံများ ထောက်ပံ့ပေးအပ်ပြီး သင်တန်းသား၊ သင်တန်းသူများ၏ သင်ကြားပို့ချနေမှုများကို ကြည့်ရှု အားပေးသည်။

          အဆိုပါ မြန်မာ့သိုင်းသင်တန်းကို သင်တန်းသား/ သင်တန်းသူ ၆၀ ဦးဖြင့် လည်းကောင်း၊ ကွန်ပျူတာ အခြေခံသင်တန်းကို သင်တန်းသား/သင်တန်းသူ ၄၅ ဦး ဖြင့် လည်းကောင်း မေ ၂၆ ရက်အထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။