ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူ

ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူ

နေပြည်တော်  မေ 

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်ထောင်စုနယ်မြေ နေပြည်တော် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူရေး အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်း မြို့မဈေးအနီး၌ ကျင်းပသည်။

ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာညွန့်ဖေ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ပညာရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး   ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်းတို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက်   ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် တို့က ၂၀၂၃-၂၀၂၄  ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့”ဟူသော ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ယင်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲ အထိမ်းအမှတ်  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်  နေပြည်တော်ကောင်စီဥက္ကဋ္ဌ တို့သည် သက်ဆိုင်ရာ  တာဝန်ရှိသူများနှင့်အတူ  ပျဉ်းမနား-တောင်ညိုလမ်း ရေပန်းဥယျာဉ် မုခ်အနီးတွင် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူရေး အခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။