ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ

ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်မအူပင်မြို့နယ်  ရေလဲလမ်းနှင့်မြို့ရှောင်လမ်းထိပ်၌ ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခြင်းကို မေ ၉ ရက် နံနက်ပိုင်းတွင် စိုက်ထူကြသည်။

ရှေးဦးစွာ မအူပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၊ အဖွဲ့ဝင်(၃)ဦးခင်မောင်အေးနှင့် မြို့နယ်ပညာရေးမှူးဒေါ်စန်းယုမော်တို့က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေး အားလုံးပညာရေးမဝေးဖို့  ကျောင်းအမြန်အပ်နှံစို့   ဆောင်ပုဒ်ပါ  မြေစိုက်ပိုစတာကို အမွှေးနံ့သာများပက်ဖျန်း၍ စိုက်ထူကြသည်။

၂၀၂၃ ခုနှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ကာလမှာ မေ ၂၃ ရက်မှ ၃၁ ရက်အထိ ဖြစ်ကြောင်း သိရသည်။

 ဇွဲညီ