အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းကော်မတီ တစ်ရပ်ဖြစ်သော နိုင်ငံတကာဆက်ဆံရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၂၃) ညှိနှိုင်း အစည်းအဝေး ကျင်းပ

အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းကော်မတီ တစ်ရပ်ဖြစ်သော နိုင်ငံတကာဆက်ဆံရေး လုပ်ငန်းကော်မတီ၏ (/၂၀၂၃) ညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော်  မေ 

အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းကော်မတီ တစ်ရပ်ဖြစ်သော နိုင်ငံတကာဆက်ဆံရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၂၃) ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတကာဆက်ဆံရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က မြန်မာနိုင်ငံအပေါ် မိုခါမုန်တိုင်း ကျရောက်လာပါက လိုအပ်သည့် အကူအညီများ အချိန်မီ ရရှိနိုင်ရေးအတွက် အာဆီယံ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် မိတ်ဆွေနိုင်ငံများထံသို့ ကြိုတင်အကြောင်း ကြားထားရှိရေးနှင့် နိုင်ငံတကာအကူအညီ များ မြန်မာနိုင်ငံအတွင်းရှိ ဘေးသင့်ဒေသ များသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိနိုင် ရေး ညှိနှိုင်းဆောင်ရွက်ပေးရန်အတွက် မြန်ဆန်သည့် လမ်းကြောင်းတစ်ခု  တည် ထောင်ရေး တို့ကို ပြောကြားသည်။

ယင်းနောက် လုပ်ငန်းကော်မတီဒုတိယ ဥက္ကဋ္ဌ  နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးထွဋ်က မုန်တိုင်းဘေးဒဏ် ခံစားရနိုင်သည့် ပြည်သူများအတွက် ထိုင်းနိုင်ငံရောက် မြန်မာများက ထိုင်းဘတ်ငွေ  ၁ ဒသမ ၀၇ သန်းကျော် တန်ဖိုးရှိ အသင့် စား ခေါက်ဆွဲခြောက် ထုပ်ပေါင်း ၁၅၀၀၀၀ ကျော် ကြိုတင်လှူဒါန်းထားရှိမှု အခြေအနေ ကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတကာ ဆက်ဆံရေး လုပ်ငန်းကော်မတီ၏   အတွင်းရေးမှူး နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် က နိုင်ငံတကာ ဆက်ဆံရေးလုပ်ငန်း ကော်မတီ ၏ ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းစဉ် များအပေါ် ရှင်းလင်းဆွေးနွေးသည်။      

ထို့ပြင် ကော်မတီဝင်များက မုန်တိုင်းသင့် ပြည်သူများအတွက်  အကူအညီပေးရေး ပစ္စည်းများ တင်ဆောင်လာသည့် လေယာဉ်များ ဖြတ်သန်းခွင့်/ဆင်းသက်/ရပ်နားခွင့်၊ အခွန်ကင်းလွတ်ခွင့်များ၊ ပြည်ဝင် ဗီဇာခွင့်ပြု ရေး၊ ကုန်တင်/ကုန်ချကိစ္စများကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးရေးစသည့် ကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြ ကြောင်း သိရသည်။