၂၀၂၃ ခုနှစ် ဧပြီလအတွင်း ဝန်းကျင်လေထု အရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့် ပတ်သက်၍ သတင်း ထုတ်ပြန်ချက်

၂၀၂၃ ခုနှစ် ဧပြီလအတွင်း ဝန်းကျင်လေထု အရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့် ပတ်သက်၍ သတင်း ထုတ်ပြန်ချက်

    မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဝန်းကျင်လေထု အရည်အသွေး အခြေအနေအား လေ့လာဆန်းစစ်နိုင်ရန် အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ/တိုင်းဒေသကြီး/ပြည်နယ်များတွင်  ဝန်းကျင်လေထု အရည်အသွေးကို Environmental  Perimeter  Air Station (EPAS) Haz-Scanner ၊  Air Quality Monitoring Station (AQM-65) ၊ Scentroid (SL- 50 Scential) ၊ Aeroqual (Series -500  Portable Air Quality Monitor) ၊ AQMesh (Dust Analyzer - 1941150) ၊ (Gas Analyzer - 1940150) ၊ Portable Beta Attenuation Mass Monitor (BAM 1022) ၊ Air Quality Monitoring Station (AQMS)  နှင့် Continuous  Particulate Monitor များဖြင့် Particulate Matter 2.5 (PM2.5) ၊ Particulate Matter 10 (PM10) ၊ Sulphur Dioxide (SO2) ၊ Nitrogen Dioxide (NO2) ၊ Ozone (O3) နှင့် Carbon Monoxide (CO) စသည့်  အဓိက Parameter များကို ပုံမှန်တိုင်းတာပြီး လေ့လာ ဆန်းစစ်လျက် ရှိပါသည်။

       လေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှု အခြေအနေ၊ မော်တော်ယာဉ်အသုံးပြုမှု အခြေအနေ၊ စက်ရုံများမှ ထုတ်လွှတ် အခိုးအငွေ့များ ထုတ်လွှတ်မှု အခြေအနေနှင့် ဝန်းကျင်လေထု အရည်အသွေးတိုင်းတာသည့်နေရာ  အနီးဝန်းကျင်အခြေအနေတို့အပေါ် မူတည်၍ တိုင်းတာရရှိသည့်ဝန်းကျင် လေထုအရည်အသွေး ရလဒ်များသည် ပြောင်းလဲမှုရှိနိုင်ပါကြောင်း သုံးသပ်ရရှိပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန