ဆီးဂိမ်းပိုက်ကျော်ခြင်း ကွင်းသွင်းခြင်းခတ် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲနှစ်ခုစလုံးတွင် မြန်မာအသင်း ရွှေတံဆိပ်ဆုဆွတ်ခူး

ဆီးဂိမ်းပိုက်ကျော်ခြင်း ကွင်းသွင်းခြင်းခတ် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲနှစ်ခုစလုံးတွင် မြန်မာအသင်း ရွှေတံဆိပ်ဆုဆွတ်ခူး

ရန်ကုန်  မေ  ၁၀

 

(၃၂) ကြိမ်မြောက် ဆီးဂိမ်းပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမနေ့ကို ယနေ့တွင် စတင်ကျင်းပရာ ကွင်းသွင်းခြင်းခတ် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ နှစ်ခုစလုံးတွင်  မြန်မာအသင်း ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။

ပိုက်ကျော်ခြင်းပြိုင်ပွဲ  ပထမနေ့တွင် ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲ အမျိုးအစား ကျင်းပခဲ့ပြီး မြန်မာအသင်းများမှာ ပြိုင်ပွဲနှစ်ခုစလုံးတွင် အောင်မြင်မှုရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အမျိုးသားကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် မြန်မာအသင်းက ၆၈၀ မှတ်ဖြင့် ရွှေတံဆိပ်၊ ဖိလစ်ပိုင်အသင်းက ၆၆၀ မှတ်ဖြင့် ငွေတံဆိပ်၊ ကမ္ဘောဒီးယားအသင်းက ၄၆၀ မှတ်ဖြင့် ကြေးတံဆိပ်ရရှိသည်။ ရွှေတံဆိပ်ဆုရ မြန်မာအမျိုးသားအသaရန်ကုန်  မေ  ၁၀ ဆီးဂိမ်းဝူရှူးပြိုင်ပွဲ ပထမနေ့တွင် မြန်မာဝူရှူးအဖွဲ့ ငွေတစ်ခု၊ ကြေးတစ်ခု စတင်ဆွတ်ခူး ကမ္ဘောဒီးယား နိုင်ငံတွင်  ကျင်းပလျက်ရှိသည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်းဝူရှူးပြိုင်ပွဲ ပထမနေ့ကို   ယနေ့တွင်  စတင်ကျင်းပရာ မြန်မာဝူရှူးအဖွဲ့က ငွေတစ်ခု၊ ကြေးတစ်ခု စတင်ဆွတ်ခူးရရှိခဲ့သည်။

ဝူရှူးပြိုင်ပွဲ ပထမနေ့တွင် ထောက်လုနှင့် ဆန်းဆို (အတိုက်) ပွဲစဉ်များကျင်းပခဲ့ပြီး ဆုတံဆိပ်ချီးမြှင့်မည့် ထောက်လုပြိုင်ပွဲအမျိုးအစားလေးမျိုးပါဝင်ခဲ့သည်။ ယင်းပြိုင်ပွဲလေးမျိုးတွင် မြန်မာဝူရှူးအဖွဲ့က ပြိုင်ပွဲနှစ်မျိုးတွင် ဆုတံဆိပ်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာဝူရှူးအဖွဲ့အတွက် ငွေတံဆိပ်ဆုကို အမျိုးသမီးအတွဲ အတိုက် အပြပြိုင်ပွဲတွင် စန္ဒီဦးနှင့် အေးသစ္စာမြင့်တို့အတွဲက ၉ ဒသမ ၄၀၃၀ မှတ်ဖြင့်ရရှိခဲ့ပြီး ရွှေတံဆိပ်ဆုကို အိမ်ရှင်ကမ္ဘောဒီးယားအတွဲက ၉ ဒသမ ၄၄၃၀ မှတ်ဖြင့်လည်းကောင်း၊ ကြေးတံဆိပ်ဆုကို စင်ကာပူအတွဲက ၉ ဒသမ ၃၉၃၀ မှတ်ဖြင့်ရရှိခဲ့သည်။ ကြေးတံဆိပ်ဆုကိုမူ  အမျိုးသမီးနန်းချွမ်ပြိုင်ပွဲတွင် အေးသစ္စာမြင့်က ၉ ဒသမ ၁၄၃၀ မှတ်ဖြင့် ရရှိခဲ့ပြီး ရွှေတံဆိပ်ဆုကို မလေးရှားကစားသမား တန်ချောင်မင်က ၉ ဒသမ ၆၂၆၀ မှတ်၊ ငွေတံဆိပ်ဆုကို အင်ဒိုနီးရှားကစားသမား ဒေဝီက ၉ ဒသမ ၅၉၃၀ မှတ်ဖြင့် ရရှိခဲ့သည်။

မြန်မာဝူရှူးအဖွဲ့သည်   အမျိုးသားအတွဲအတိုက်ပြိုင်ပွဲတွင် ကျော်ဇေဝင်းနှင့် မြတ်ကိုကိုအတွဲ၊  အမျိုးသား နန်းချွမ်ပြိုင်ပွဲတွင် သိန်းသန်းဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ဆုတံဆိပ်နှင့် လွဲချော်ခဲ့သည်။ ဝူရှူးပြိုင်ပွဲ ဒုတိယနေ့ကို မေ ၁၁ ရက်(ယနေ့)တွင် ဆက်လက်ကျင်းပမည် ဖြစ်သည်။

သတင်း-ရှိုင်းထက်ဇော်

          ဓာတ်ပုံ-အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန